Connect with us

Africa & Middle East

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က အမေရိကန် ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ပစ်ချ

အမေရိကန်နိုင်ငံထုတ် RQ-4 ထောက်လှမ်းရေးဒရုန်းတစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ ့(IRGC) က နိုင်ငံတောင်ပိုင်း Hormozgan ပြည်နယ်၌ အမေရိကန်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ယနေ့ ဇွန် ၂ဝ ရက် တွင် ပစ်ချခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကဖော်ပြခဲ့သည်။

အမေရိကန် မောင်းသူမဲ့ RQ-4 Global Hawk ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ၊ ယင်းမောင်းသူမဲ့ လေယာဉ်ငယ်မှာ ယနေ့နံနက်အစောပိုင်းတွင် တောတောင်ထူထပ်သော Hormozgan ပြည်နယ်အတွင်း အီရန်နိုင်ငံလေပိုင်နက်ထဲသို့ပျံသန်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

သို့သော်လည်း အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းသတင်းကို ငြင်းဆိုခဲ့ပြီး “ အီရန်ပိုင်နက်အပေါ် မည်သည့် ဒရုန်းမျှ ဖြတ်ကျော်ဝင်ရောက်ခြင်းမရှိ” ကြောင်း ယနေ့ဇွန် ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

RQ-4 Global Hawk ဒရုန်းသည် အဆင့်မြင့်နည်းပညာသုံး ခရီးရှည်မောင်းနှင်နိုင်သည့် မောင်းသူမဲ့လေယာဉ်စနစ်ဖြစ်ပြီး ထောက်လှမ်းရေးစနစ်များ ၊ သတင်းအချက်အလက်ပြန်လည်ပေးပို့ခြင်းစနစ်များ (သို့မဟုတ်) ISR များတပ်ဆင်ထားပြီး တစ်ကမ္ဘာလုံးတွင်ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။

Glabal Hawk မောင်းသူမဲ့ ဒရုန်းသည် စစ်မဲ့ကာလ ၊ စစ်ပွဲအလွန်ကာလ နှင့် စစ်မက်ဖြစ်ပွားနေသောကာလများတွင် စစ်ပွဲအတွက်လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းပေးသည့် တာဝန်များ လုပ်ဆောင်ပေးသည့် ဒရုန်းအမျိုးအစားဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော လများမှစတင်ကာ ဒေသအတွင်း၌ အမေရိကန် နှင့် အီရန် အကြား တင်းမာမှုများ မြင့်တက်နေစဉ် ယခုကဲ့သို့အမေရိကန်ဒရုန်းလေယာဉ်တစ်စင်းကို အီရန်အစောင့်တပ်က ယနေ့ဇွန် ၂ဝ ရက်တွင် ပစ်ချလိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

ဇွန် ၁၃ ရက်က အိုမန်ပင်လယ်အနီးတွင် လောင်စာဆီတင် သင်္ဘော နှစ်စင်းတိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ယင်းပင်လယ်ပြင်ပေါ်တွင် ဝေဟင်ကင်းလှည့်မှုပြုလုပ်နေသော အမေရိကန် Reaper ဒရုန်းတစ်စင်းကို အီရန်ဘက်က ပစ်ချရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.