Connect with us

Africa & Middle East

အီရန် နိုင်ငံ ရှိ ကျောက်မီးသွေး တွင်း တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၁ ဦး အထိ ရောက်ရှိလာခဲ့

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေး တွင်း ၌ ကယ်ဆယ်ရေး သမားတို့မှ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ သတင်းမီဒီယာ ၏ မေလ ၃ ရက်နေ့ ဖော်ပြချက်အရ အီရန် နိုင်ငံ Golestan ပြည်နယ်ရှိ ကျောက်မီးသွေး တွင်း တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး အလုပ်သမား ၂၁ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ အမျိုးသား ရုပ်သံဌာန မှ Golestan ပြည်နယ် ကယ်ဆယ်ရေး ဌာန တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ဖြင့် ဖော်ပြခဲ့သည့် သတင်းတွင် ကနဦး စစ်ဆေးချက်များအရ ကျောက်မီးသွေး တွင်း အတွင်းရှိ လောင်ကျွမ်းနိုင်သည့် ဓာတ်ငွေ့ သိပ်သည်းဆ မြင့်တက်လာသောကြောင့် ပေါက်ကွဲမှုဖြစ်ကာ ကျောက်မီးသွေး တွင်း ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားချိန်တွင် ကျောက်မီးသွေး တွင်း အတွင်း၌ အလုပ်သမား ၃၅ ဦး လုပ်ငန်းဆောင်ရွက်နေပြီး လက်ရှိချိန်တွင် အလုပ်သမား ၂၁ ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေး သမားတို့မှ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးသည့် အလုပ်သမားများကို ဆက်လက်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။

ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မေလ ၃ ရက် နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့မှ အခင်းဖြစ်ပွားပြီးနောက် အရေးပေါ်သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ကျောက်မီးသွေး တွင်း အတွင်း၌ လောင်ကျွမ်း နိုင်သည့် ဓာတ်ငွေ့ သိပ်သည်းဆ အလွန်မြင့်မားသောကြောင့် ကျောက်မီးသွေးတွင်း အတွင်း ဝင်ရောက်ခဲ့သည့် ကယ်ဆယ်ရေး သမား ၂၅ ဦးမှာ အသက်ရှူလမ်းကြောင်း အတွင်း ဘေးဖြစ်စေသည့် ဓာတ်ငွေ့ရှူရှိုက်မိသောကြောင့် ဆေးရုံသို့ ဆေးဝါး ကုသရန် ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.