Connect with us

Africa & Middle East

အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဆိုမာလီဝန်ကြီးသေဆုံး

ဆိုမာလီနိုင်ငံ ဆောက်လုပ်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ဝန်ကြီး Abbas Abdullahi Sheikh Siraji အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မိုဂါဒစ်ရှူး၊ မေ ၄ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ ဆောက်လုပ်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ဝန်ကြီး Abbas Abdullahi Sheikh Siraji သည် မိုဂါဒစ်ရှူးမြို့ တွင် မေ ၃ ရက် ညနေပိုင်းက အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆိုမာလီနိုင်ငံ သတင်းအချက်အလက် နှင့် အမျိုးသားရေးလမ်းညွှန်မှု ဝန်ကြီး Abdurahman Omar Osman က သေဆုံးမှုအား အတည်ပြုခဲ့ပြီး သမ္မတနန်းတော်အနီးတွင် သေနတ်သမားများ က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းအမှုအား လုံခြုံရေးအေဂျင်စီများက စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

၎င်း က လုံခြုံရေးအရာရှိများက ဝန်ကြီး ပစ်သတ်ခံရခြင်း နောက်ကွယ်မှ အကြောင်းရင်းကို လိုက်လံစုံစမ်းနေပြီး ဝန်ကြီးအသတ်ခံရမှုကြောင့် အစိုးရအရာရှိများအကြား တင်းမာမှုများဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။

အကြီးတန်းရဲအရာရှိတစ်ဦး က တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေစဉ်အတွင်း သံသယရှိသူ သေနတ်သမား လေးဦးအား ဖမ်းဆီးထားကြောင်းပြောကြားခဲ့သည်။

Siraji သည် ဆိုမာလီဖယ်ဒရယ်ပါလီမန်အတွင်း အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မတ်လတွင် ဆိုမာလီအစိုးရအဖွဲ့၌ ဝန်ကြီးဖြစ်လာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.