Connect with us

Africa & Middle East

အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး တပ်ဖွဲ့ က ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အား စွန့်လွှတ် မည် မဟုတ်ကြောင်း ထုတ်ပြန်

အီရန် နိုင်ငံ တွင် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု ပြုလုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၁ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး တပ်ဖွဲ့ (IRGC) လက်ထောက်တပ်မှူး ဆလာမီ က အီရန် နိုင်ငံ အနေဖြင့် ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အား စွန့်လွှတ် မည် မဟုတ်ဟု ပြောကြား ခဲ့ကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာန က ဧပြီလ ၃၀ ရက်နေ့ ၌ ဖော်ပြခဲ့သည်။

ဆလာမီ က အီရန် နိုင်ငံ အနေဖြင့် ပဲ့ထိန်း ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း သည် ကာကွယ်ရေး အတွက် ဖြစ်ပြီး ရန်သူ ကို ပြန်လည် တုံ့ပြန်မှု ဆောင်ရွက်ရန် အတွက် အဓိက လက်နက် ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း သည် နိုင်ငံတကာ ဥပဒေ နှင့် ကိုက်ညီမှု ရှိပြီး အီရန် နိုင်ငံ အား ကန့်ကွက်သည့် ဝေဖန်မှုများကို လက်ခံနိုင်မှု မရှိကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ သမ္မတ Macron က အမေရိကန် နိုင်ငံ သို့ သွားရောက် လည်ပတ်စဉ် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး အီရန် နိုင်ငံ ကို ဦးတည်၍ သဘောတူညီမှုသစ် တစ်ခု ကို အနာဂတ် တွင် လက်မှတ် ရေးထိုးရန် စီစဉ်နေကြောင်း ၊ သဘောတူညီမှု အသစ် တွင် လက်ရှိ အီရန် နျူကလီးယာ သဘောတူညီချက်များ အပြင် ၂၀၂၅ ခုနှစ် နောက်ပိုင်းတွင် အီရန် နိုင်ငံ အနေဖြင့် နျူကလီးယာ လက်နက် ဖွံ့ဖြိုးရေး လုပ်ငန်းများ မဆောင်ရွက်ရန် နှင့် ပဲ့ထိန်းဒုံးကျည် သုတေသန များ မဆောင်ရွက်ရန် တို့ပါဝင်လာမည် ဖြစ်ကြောင်း ၊ ယင်းမှာ အီရန် နိုင်ငံ ၏ အရှေ့အလယ်ပိုင်း ဒေသ ရှိ သြဇာသက်ရောက်မှု ကို ဟန့်တားရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိရသည်။

ယခုနှစ်ဆန်းပိုင်း တွင် ဒေါ်နယ်ထရမ့် က အမေရိကန် အနေဖြင့် အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ကို နောက်ဆုံးအကြိမ် တိုးမြှင့်ပေးခြင်း ဖြစ်ပြီး မေလ ၁၂ ရက်နေ့ကို အီရန် နျူကလီးယာ အရေး သဘောတူညီမှု စာချုပ်အား ပြင်ဆင်ရန် နောက်ဆုံး ရက်စွဲ အဖြစ် ကြေညာ ခဲ့သည်။ ထို့ပြင် ပြင်ဆင်လိုက်သည့် သဘောတူညီချက် စာချုပ် အချက်အလက်များက ကျေနပ်မှု မရှိခဲ့ပါက အမေရိကန် နိုင်ငံ အနေဖြင့် သဘောတူညီမှု စာချုပ် မှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြွေးကြော် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.