Connect with us

Africa & Middle East

အီရန် နှင့် ရုရှား ရေတပ်တို့ ကက်စပီယန် ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့် မှုပြုလုပ်ရန်စီစဉ်

အီရန် နှင့် ရုရှား ရေတပ်တို့ ကက်စပီယန် ပင်လယ်အတွင်းပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အီရန် နှင့် ရုရှား ရေတပ်တို့သည် ကက်စပီယန်ပင်လယ်အတွင်းတွင် ပူးတွဲ၍ စစ်ရေးလေ့ကျင့်ရန် စီစဉ်လျက်ရှိကြောင်း အီရန်ရေတပ်မှ တပ်မှူးကြီးတစ်ဦး ဇန်နဝါရီလ ၆ ရက်နေ့တွင်ပြောသည်။

နည်းဗျူဟာပိုင်း၊ ကယ်ဆယ်ရေးအပိုင်းနှင့် ပင်လယ်ဓားပြရန် ကာကွယ်ရေးအစီအစဉ်များအတွက် ရုရှား နှင့် အီရန် ရေတပ်အကြား ပူးတွဲလုပ်ငန်းစဉ်များ နှင့် မဝေးတော့သည့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ပြုလုပ်ပါလိမ့်မည် ဟု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ဟော့စိန်ကန်ဇဒီး (Hossein Khanzadi) ၏ပြောစကားကို ကိုးကား၍ အီရန်သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။

နှစ်ဖက်စစ်ရေးပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း နှင့် ရေပြင်ကာကွယ်ရေးတွင် ပိုမိုအဆင့်မြင့်မားသည့် မဟာဗျူဟာ နှင့် နည်းလမ်းများဆီသို့ ဦးတည်နေကြောင်း ကန်ဇဒီး ကပြောသည်။

အဆိုပါကက်စပီယန်ပင်လယ် ဒေသအတွင်း နိုင်ငံများအနေဖြင့် ကောင်းမွန်သည့်ဆက်ဆံရေးအားကြာရှည်စွာ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းနိုင်ငံများအနေဖြင့် အစဉ်အလာဆက်ဆံမှုပုံစံများကို ကောင်းစွာအပြန်အလှန်နားလည်ကြပြီဖြစ်ကြောင်း၊ ကက်စပီယန်ပင်လယ်သည် အလုံးစုံကုန်းတွင်းပိတ်ဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများအနေဖြင့် လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ကန်ဇဒီး ကဖြည့်စွက်ပြောကြားသည်။

ကက်စပီယန်ပင်လယ်တွင် နှစ်နိုင်ငံရေတပ် စစ်ရေးပူးတွဲလေ့ကျင့်ခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိရသည်။ နှစ်နိုင်ငံရေတပ်စစ်ရေးပူးတွဲလေ့ကျင့်ခြင်းများကို ၂၀၁၅ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.