Africa & Middle East
အီသီယိုးပီးယားတွင် မြေပြိုမှုကြောင့် ၄၁ ဦးသေ
အက်ဒစ် အဘာဘာ၊ မေ ၁၁ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ တွင် မေလ ၉ ရက် က ဒေသ ငါးခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် SNNP ပြည်နယ် Wolaita ဇုန်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၁ ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း မီဒီယာ ဖြစ်သည့် Fana Broadcasting Corporate (FBC) က ဖော်ပြခဲ့သည်။
Wolaita ဇုန်နှင့် Dawro ဇုန်တို့ကို ဆက်သွယ်ထားသည့် လမ်းနှင့် Wolaita မြို့နှင့် Sidama ဇုန်တို့ကို ချိတ်ဆက် ပေးထားသည့် တံတား တစ်စင်း ရေကြီးမှုကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။
လုံခြုံရေး ဝန်ထမ်းများ နှင့် ပူးပေါင်း၍ မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူများ အတွက် ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း Wolaita ဇုန် ရဲဋ္ဌာန အကြီးအကဲ Alemayehu Mamo က FBC သို့မေလ ၁၀ ရက်က ပြောကြားခဲ့သည်။
၎င်း က လမ်းများ ရေကြီးနေမှုနှင့် မြေပြိုမှုများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲ နေကြောင်း ပြောကြားခဲ့သည်။
၎င်းက မြေပြိုမှုများကြောင့် ဒဏ်ရာ ရရှိများအား ဆေးရုံများအား ပို့ဆောင်ပေးထားပြီး ယခုအချိန်အထိ ရုပ်အလောင်း ၂၈ လောင်း ရှာဖွေ တွေ့ရှိထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)