Africa & Middle East
၄၈ နာရီကြာ အလက်ပို ယာယီ အပစ်အခတ် ရပ်စဲရေး ဆီးရီးယား စစ်တပ် သက်တမ်းတိုး

ဒမတ်စကက်၊ မေ ၁၀ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့တွင် ယာယီ အပစ်အခတ် ရပ်စဲရေးအား သက်တမ်း တိုးလိုက်ကြောင်း ဆီးရီးယား စစ်တပ်က မေလ ၉ ရက်က ကြေညာလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က သတင်း တင်ပြထားသည်။
ယင်း သက်တမ်းတိုးခြင်းအား မေလ ၁၀ ရက် နံနက်ပိုင်းက စတင်မည် ဖြစ်ပြီး အယ်လ်ကိုင်းဒါး အဖွဲ့နှင့် ဆက်စပ်လျက် ရှိသော Nusra Front အဖွဲ့မှာမူ ၎င်း သဘောတူညီချက်ထဲတွင် မပါဝင်ကြောင်း သိရသည်။
ယခု သက်တမ်းတိုးမှုသည် မေလ ၅ ရက်တွင် စတင်ခဲ့သည့် ၄၈ နာရီကြာ ယာယီအပစ်အခတ် ရပ်စဲရေးအား မေလ ၁၄ ရက်အထိ နောက်ထပ် ၇၂ နာရီ သက်တမ်း တိုးလိုက်ခြင်း ဖြစ်သည်။
အလက်ပိုရှိ လက်နက်ကိုင် အဖွဲ့များက လွန်ခဲ့သော ရက်အနည်းငယ်က အဆိုပါ သဘောတူညီချက်အား ချိုးဖောက်ကာ စိန်ပြောင်း အမြောက်များဖြင့် လူနေအိမ်များနှင့် အစိုးရ ထိန်းချုပ်ထားသည့် အလက်ပိုမြို့ အနောက်ဘက်အား ပစ်ခတ်ခဲ့သည်။
အစိုးရ အတိုက်အခံများကမူ အလက်ပိုမြို့ အရှေ့ဘက်ပိုင်း လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဧရိယာ အား ဆီးရီးယား စစ်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားသည်။
ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် မြို့တော် ဒမတ်စကက်၏ ကျေးလက်ဒေသနှင့် နိုင်ငံ အနောက်မြောက်ပိုင်း Latakia ပြည်နယ်များ ပါဝင်ကြောင်း အစောပိုင်းက ကြေညာထားခဲ့ကြောင်း သိရသည်။ (Xinhua)