Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတသည် တာဂျစ်ကစ္စတန် နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ် ခရီး သွားရောက်

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Mohammad Ashraf Ghani အား ဟောပြောပွဲ တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ Mohammad Ashraf Ghani သည် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တာဂျစ်ကစ္စတန် နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ် ခရီး သွားရောက်ရန် မေလ ၁၀ ရက်တွင် ကဘူးလ် က ထွက်ခွာလာခဲ့ကြောင်း အာဖဂန်နစ္စတန် သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တာဂျစ်ကစ္စတန် နိုင်ငံ သမ္မတ Emomali Rahmon ၏ တရားဝင် ဖိတ်ကြားချက်အရ အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ Mohammad Ashraf Ghani သည် အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်၍ မေလ ၁၀ ရက် နံနက်တွင် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် Dushanbe သို့ ထွက်ခွာလာခဲ့ကြောင်း ဖော်ပြထားသည်။
တာဂျစ်ကစ္စတန် နိုင်ငံသို့ ရောက်ရှိနေစဉ် ၂ ရက်အတွင်း Ghani သည် တာဂျစ်ကစ္စတန် သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် အခြား တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာဖဂန် သမ္မတသည် တာဂျစ်ကစ္စတန် အမျိုးသား တက္ကသိုလ်၌လည်း မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
အာဖဂန် သမ္မတ နှင့်အတူ လိုက်ပါသွားသူများတွင် နိုင်ငံခြားရေး ဝန်ကြီး Salauddin၊ ရေနှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီး Ali Ahmad Usmani နှင့် ရှေ့နေချုပ် Farid Hamidi တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.