Africa & Middle East
ဥရောပသို့ တင်ပို့မည့် ဘိန်းဖြူ ၆၁၈ကီလိုဂရမ် ကို အီရန်နိုင်ငံက ဖမ်းဆီးရမိ
တီဟီရန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ ထောက်လှမ်းရေးဝန်ကြီးဌာနက အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံ တောင်ပိုင်း တွင် ဘိန်းဖြူ ၆၁၈ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၉ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ ဘိန်းဖြူပမာဏများစွာသည် ဥရောပတိုက်သို့ ဦးတည်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် IRNA သတင်းဌာနက ဖောြ်ပခဲ့သည်။
ဘိန်းမှောင်ခိုကူးသူများသည် ဘိန်းဖြူများအား နိုင်ငံခြားသို့တင်ပို့မည့် ပို့ကုန်များအတွင်း သိုဝှက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးဖြစ်သော အာဖဂန်နစ္စတန်နိုင်ငံမှ မူးယစ်ဆေးဝါးများအား နိုင်ငံတကာသို့ တင်ပို့ရာတွင် လမ်းဆုံတစ်ခုသဖွယ်ဖြစ်နေသောကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရကြောင်း သိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း အီရန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း နယ်စပ်များ၌ အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင် မူးယစ်ဆေးဝါးရောင်းဝယ်သူများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)