Connect with us

Africa & Middle East

အမေရိကန် လေတပ်က ဆိုမာလီယာ အယ်လ်ရှာဘတ် ၅၂ ဦးအား သုတ်သင်ရှင်းလင်း

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Jilibမြို့အနီးရှိ အယ်လ်ရှာဘတ်အစွန်းရောက် လက်နက်ကိုင်များကို ဇန်နဝါရီ ၁၉ ရက်တွင် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာ လက်နက်ကိုင် ၅၂ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ အာဖရိကစစ်ဌာနချုပ်(Africom)၏ ယင်းနေ့ညပိုင်း တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အယ်လ်ရှာဘတ်လက်နက်ကိုင်များ ဆိုမာလီယာအစိုးရတပ်ကို တိုက်ခိုက်ခဲ့သည့်အတွက် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ရှင်းလင်းခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ သေဆုံးမှုမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အယ်လ်ရှာဘတ်အစွန်းရောက်လက်နက်ကိုင်များက ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Kismayoမြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ ဆိုမာလီယာ အစိုးရတပ်၏တန်ပြန်တိုက်ခိုက်မှုများကြောင့် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း ၊ ထို့နောက် အစိုးရတပ်ဖွဲ့က အမေရိကန်တပ်နှင့်အတူ ပူးတွဲရှင်းလင်းရေးများလုပ်ဆောင်ခဲ့ရာ အယ်လ်ရှာဘတ်အဖွဲ့လက်နက်ကိုင် ၇၃ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး မော်တော်ယာဉ်အချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုမာလီယာနိုင်ငံပိုင်သတင်းအေဂျင်စီ၏ သတင်းများအရသိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.