Connect with us

Africa & Middle East

ဆီးရီးယားသမ္မတ အာဆတ် Eid al-Fitr ဘာသာရေး အထူး ဆုတောင်းပွဲ တက်ရောက်

Eid al-Fitr ဝတ်ပြု ဆုတောင်းပွဲ တက်ရောက်လာသည့် သမ္မတ အာဆတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံသမ္မတ ဘာရှာအာဆတ်သည် ဇူလိုင်လ ၆ ရက်က မွတ်စလင် အားလပ်ရက် Eid al-Fitr ပွဲတော် နံနက်ခင်း အထူး ဆုတောင်းပွဲကို နိုင်ငံအတွင်း၌ စစ်ဖြစ်နေသည့် ငါးနှစ်တာ ကာလအတွင်း Homs မြို့၌ ပထမဆုံးအကြိမ် အဖြစ် တက်ရောက် ဝတ်ပြုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန SANA က သတင်း ဖော်ပြသည်။

အာဆတ်သည် ပုံမှန်အားဖြင့် ရာမာဒန်ဥပုသ်လ အထွက် အိဒ်နေ့ဆုတောင်းပွဲတော်ကို ဒမတ်စကပ်စ်မြို့တော်ရှိ ဗလီများ၌သာ ပြုလုပ်လေ့ရှိသည်။ ယခုနှစ်တွင်မူ သမ္မတအာဆတ်သည် ၎င်းအား ဆန့်ကျင်နေသူများက လွန်ခဲ့သော နှစ်များတွင် ကြိမ်ဖန်များစွာ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပျက်စီးနေသည့် Ekrima မြို့အနီးရှိ al-Safa ဗလီ၌ ဆုတောင်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။ မွတ်စလင်ဘာသာဝင်တို့၏ ဝတ်ပြု ဆုတောင်းခြင်းကို ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ အထူးသဖြင့် အစိုးရ ထိန်းချုပ်ရာ ပြည်နယ်များ၌ ကျင်းပ ခဲ့ကြသည်။
ငါးနှစ်တာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အတွင်း ဝတ်ပြု ဆုတောင်းသည့် နေရာအများစုကို အစောပိုင်း နှစ်များတွင် သူပုန်များက ထိန်းချုပ်ထားသည်။ သို့သော် အစိုးရသည် သူပုန်များအား ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ မောင်းထုတ် နိုင်ခဲ့သဖြင့် နိုင်ငံအတွင်းရှိ မြို့များကို ပြန်လည် သိမ်းပိုက်ထား နိုင်ခဲ့သည်။
ဗလီကြီး၌ သွားရောက် ဆုတောင်းခြင်းမှာ နိုင်ငံခြား တိုက်ခိုက်ရေး သမားများ ပါဝင် တိုက်ခိုက်ပေးနေသည့် အစိုးရ ဆန့်ကျင်သူများအား နှိမ်နင်းရာတွင် သမ္မတ အာဆတ်အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိသည်ကို ပြသရာ ရောက်ကြောင်းသိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်ကလည်း သမ္မတ အာဆတ်သည် ဒမတ်စကပ်စ်မြို့ပြင်ရှိ ရှေ့တန်း စစ်မျက်နှာပြင်၌ ဆီးရီးယား စစ်သားများနှင့်အတူ ရာမာဒန်ဥပုသ် ညစာကို အတူတကွ စားသောက် ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.