Connect with us

Africa & Middle East

ယီမင်နိုင်ငံ Hodeidahမြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၈ ဦး သေဆုံး

ယီမင်နိုင်ငံတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဆာနား ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ဆော်ဒီဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်း မြို့ ဖြစ်သည့် Hodeidahမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဘတ်စ်ကားတစ်စီး ကျည်ထိမှန်ပြီး ယာဉ်ပေါ်ရှိ လူ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ကြောင်း Saba News Agencyက ယင်းနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဘတ်စ်ကားမှာ Hodeidahမြို့တောင်ပိုင်းရှိ အမြန်လမ်းမပေါ်တွင် မောင်းနှင်နေခြင်း ဖြစ်ကြောင်း ၊ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အများစုမှာ Hodeidahမြို့ရှိ စစ်ဘေးရှောင် အရပ်သားများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ညွှန်ပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်ကလည်း Hodeidahမြို့ အရှေ့တောင်ပိုင်းရှိ ဟူသီလက်နက်ကိုင်များ ထိန်းချုပ် သည့် စစ်ဆေးရေးစခန်းတစ်ခုတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား နှစ်စီးကျည်ထိမှန်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့သည်။ အချင်းဖြစ်ပွားချိန်တွင် အရပ်သားအချို့က မော်တော်ယာဉ်ဖြင့် Hodeidahမြို့မှ ထွက်ပြေးရန် စီစဉ်နေကြကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ယခုနှစ် ဇွန်လတွင် ယီမင်အစိုးရတပ်က Hodeidahမြို့ ကို ပြန်လည်သိမ်းပိုက်ရန် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.