Connect with us

Africa & Middle East

အာဖဂန် တာလီဘန်ခေါင်းဆောင်အား ID ကဒ် လုပ်ပေးခဲ့သည့် ပါကစ္စတန် အရာရှိ နှစ်ဦး အဖမ်းခံရ

တာလီဘန်ခေါင်းဆောင် မူလာ အက်ခ်တာ မန်ဆာအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ အက်ခ်တာ မန်ဆာအား ပါကစ္စတန် သက်သေခံ ကတ်ပြား (ID card) အတုနှင့် ၎င်း၏ ဒုတိယ ဇနီးနှင့် ကလေးများအတွက် ပါကစ္စတန်နိုင်ငံသားအဖြစ် ပြုလုပ်ပေးမှုများကြောင့် အရာရှိ နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်အစိုးရက မေလ ၂၈ ရက်က ပြောသည်။

မေလ ၂၁ ရက်က အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူ မန်ဆာသည် ပါကစ္စတန် နိုင်ငံအတွင်း ဝါလီ မူဟာမတ် အဖြစ် နေထိုင်ခဲ့ကြောင်း သိရသည်။
အခင်း ဖြစ်ပွားသည့် နေရာ၌ တွေ့ရှိရသည့် ကွန်ပြူတာ စနစ်သုံး သက်သေခံကတ်ပြား တစ်ခုနှင့် ပတ်စပို့ အရ သေဆုံးခဲ့သူမှာ ကရာချီမြို့၌ နေထိုင်သူ ဝါလီ မူဟာမတ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိ မန်ဆာအား ကူညီသူဟု စွပ်စွဲခံထားရသူအနက် တစ်ဦးဖြစ်သည့် အေဇစ် အာမတ်သည် Baluchistan ရှိ စည်းကြပ်တပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် က ဝါလီ မူဟာ မတ်၏ သက်သေခံကတ်အား မှန်ကန် ကြောင်း အတည်ပြုပေးခဲ့သူ ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အခြား စွပ်စွဲခံထားရသူ တစ်ဦးမှာ အမျိုးသား သတင်းအချက်အလက် သိမ်းဆည်ရေးနှင့် မှတ်ပုံတင်ရေး အာ ဏာပိုင် မှ အရာရှိ ရာဖစ်အစ်ဘဲလ် ဖြစ်ပြီး ဝါလီ၏ ဒုတိယ ဇနီးနှင့် ကလေးများအား ပါကစ္စတန်နိုင်ငံသား ဖြစ်ရေးအတွက် ခွင့်ပြုရာတွင် အကူအညီပေးခဲ့သူ ဖြစ်သည်။ ၎င်းမှာ မေလ ၂၁ ရက်က အမေရိကန် လေကြောင်းတိုက်ခိုက်မှုဖြင့် တာလီဘန်ခေါင်းဆောင် သေဆုံးသွားသည့် အချိန်ကတည်းက ထွက်ပြေးပုန်း ရှောင်နေခဲ့ကြောင်း သိရသည်။
ထို့ပြင် မန်ဆာအား ပါကစ္စတန် သက်သေခံကတ်ပြား ရရှိရန် ကူညီပေးသူများအား ဆက်လက် စုံစမ်းနေ ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ပြောသည်။
အိုင်ဒီကတ် အချက်အလက်များအရ ဝါလီ မူဟာမတ်သည် ယခင်က ကီလာ အဗ္ဗဒူလာ ခရိုင်၊ ချန်မန် ဧရိယာ၌ နေထိုင်ခဲ့ပြီးနောက် ကရာချိသို့ ပြောင်းရွှေ့ခဲ့ကာ တိုက်ခန်း တစ်ခန်း ဝယ်ယူထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.