Africa & Middle East
အီဂျစ် လေတပ်မှ IS တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
အီဂျစ် တပ်မတော် က ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လစ်ဗျားနိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ များကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် ISတပ်ဖွဲ့က အီဂျစ် နိုင်ငံသား ဓားစာခံ (၂၁) ဦးအား သတ်ဖြတ်ခဲ့မှု အပေါ် လက်တုန့် ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှု သည် အရေးပါသော လုပ်ဆောင်ချက် တစ်ခု ဖြစ်ကြောင်း လေ့လာ သူများက သုံးသပ် ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အသွင် ပြောင်းလဲ လာခဲ့ခြင်းဖြစ်ကြောင်း ၊ထို့ပြင် အရှေ့ အလယ် ပိုင်း ဒေသတို့ ၏အကြမ်းဖက်မှု တိုက်ဖျက်ရေး အသွင်သစ် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ လစ်ဗျား သည် အီရတ် နှင့် ဆီးရီးယား နောက်ပိုင်း စစ်မြေပြင်သစ် တစ်ခု ဖြစ်လာ နိုင်ကြောင်း ဆိုသည်။
IS တပ်ဖွဲ့မှ လစ်ဗျား အဖွဲ့ခွဲသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့၌ လူမှုကွန်ရက်ပေါ်သို့ လစ်ဗျားနိုင်ငံအတွင်း ဖမ်းဆီးထား သော အီဂျစ်လူမျိုး (၂၁)ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် ဗီဒီယိုကို လွှင့်တင်ခဲ့သည်။ထိုလုပ်ရပ်ကြောင့် အီဂျစ် အစိုးရ နှင့် ပြည်သူလူထုတို့ လွန်စွာ ဒေါသထွက်ခဲ့ဲကြသည်။
၁၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုသည် လစ်ဗျားနိုင်ငံ အစိုးရ၏ တောင်းဆိုမှု အရ နှစ်နိုင်ငံပူးပေါင်း စစ်ဆင်ရေးဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် အနည်းဆုံး IS အဖွဲ့ဝင် အယောက် ၄၀ ကို ချေမှုန်း နိုင်ခဲ့ကြောင်း အီဂျစ်နိုင်ငံတော်ရုပ်သံမှပြောကြားခဲ့သည်။
ထို့ပြင် အီဂျစ်ပြန်ကြားရေးဌာန နိုင်ငံတကာအား လစ်ဗျားအတွင်းရှိ အကြမ်းဖက် အဖွဲအစည်းများကို ပြင်းထန်ပြီး ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် အကြမ်းဖက် အင်းအားစုများ ပြန့်ပွားမှုကို တားဆီးရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
လေ့လာရေးသမားများက အီဂျစ်၏ လစ်ဗျား IS အဖွဲ့ခွဲ အပေါ်လေကြောင်းတိုက်ခိုက်ပြီး နောက်ပိုင်း တွင် ပိုမိုများပြားသောနိုင်ငံများက အရှေ့အလယ်ပိုင်း အကြမ်းဖက် နှိမ်နင်းရေးကို ဆီးရီးယားတွင် ပိုမို လုပ်ဆောင် လိမ့်မည်ဟုသုံးသပ်ခဲ့သည်။ အီရတ် အခြေအနေ မှာလည်း ပြောင်းလဲမှု ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)