Africa & Middle East
နိုင်ဂျီးရီးယားတွင် IS စစ်သွေးကြွ အဖွဲ့၏ ဝါဒဖြန့် မိုဘိုင်း အပလီကေးရှင်း ဖြန့်ဝေမှု အား သတိပြုရန် နှိုးဆော်
လာဂို့စ်၊ ဇွန် ၁၇ ၇က် (ဆင်ဟွာ)
နိုင်ဂျီးရီးယား အစိုးရ က IS စစ်သွေးကြွ အဖွဲ့သည် ကလေးများအား ဂျီဟတ်ဝါဒ ဖြန့်ရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့် မိုဘိုင်း အပလီကေးရှင်း အသစ် တစ်မျိုးအား ထုတ်လုပ် ရေးဆွဲခဲ့ကြောင်း နိုင်ငံသားများအား ဇွန်လ ၁၆ ရက် က သတိပေး ပြောကြားခဲ့သည်။
အာရေဗျ အက္ခရာများ ဖြင့် “Huroof” ဟု ရေးသားထားသော မိုဘိုင်း အပလီကေးရှင်း သည် IS စစ်သွေးကြွ အဖွဲ့က ကလေးငယ်များ အား အာရေဗျ အက္ခရာများကို သေနတ်ပုံ၊ စစ်သုံး တင့်ကားပုံနှင့် အမြောက်ပုံ များဖြင့် သင်ကြားပေးရန် ရည်ရွယ်ထားသည့် မိုဘိုင်း အပလီကေးရှင်း တစ်ခု ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု ဝန်ကြီး လိုင် မိုဟာမက် က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဝန်ကြီးက အဆိုပါ မိုဘိုင်း အပလီကေးရှင်းသည် ကလေးငယ်များအား ဆွဲဆောင်ရန် အရောင်စုံလင်သည့် ရုပ်ပုံများကို အသုံးပြုထားကြောင်း ပြောကြားခဲ့သည်။
၎င်းက မိဘပြည်သူများအား ၎င်းတို့၏ ကလေးငယ်များ ယင်း မိုဘိုင်း အပလီကေးရှင်း အသုံးပြု သင်ကြားခြင်း မှ ကာကွယ်နိုင်ရန် သတိထား စောင့်ကြည့်သင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)