Africa & Middle East
အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်နေသည့် IS လက်နက်ကိုင် အဖွဲ့ဝင် ၆ ဦး အား ပစ်ခတ်ရှင်းလင်း
ဘဂ္ဂဒက် ၊ မေ ၁၂ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ လုံခြုံရေး ဆိုင်ရာ အရာရှိ တစ်ဦး က အီရတ် နိုင်ငံ လွှတ်တော် ရွေးကောက်ပွဲ ကို ဖျက်ဆီးရန် ရည်ရွယ်၍ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဆောင်ရွက်မည့် IS အစွန်းရောက် အဖွဲ့ဝင် ၆ ဦး ကို Saladin ပြည်နယ် Tikrit မြို့တွင် ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း မေလ ၁၁ ရက်နေ့ ၌ ပြောကြား ခဲ့သည်။
Tikrit မြို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ချက်အရ အစိုးရ တပ်ဖွဲ့ အနေဖြင့် သတင်းပေးပို့ချက်များ အရ IS လက်နက်ကိုင် အဖွဲ့ဝင် များသည် Saladin ပြည်နယ် အတွင်းရှိ မဲရုံများအား တိုက်ခိုက်မှုဆောင်ရွက်မည် ကို သိရှိခဲ့ရကြောင်း ၊ အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ နှင့် အရပ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ တို့က မေလ ၁၁ ရက်နေ့ တွင် ပူးပေါင်း စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်ခဲ့ပြီး Tikrit မြို့ အရှေ့တောင်ပိုင်း ၈၀ ကီလိုမီတာ ခန့်တွင် တည်ရှိသော IS တပ်စခန်း အား တိုက်ခိုက်မှုဆောင်ရွက်ခဲ့ရာ ခန္ဓာကိုယ်တွင် ပေါက်ကွဲစေမည့် ပစ္စည်းများ ချည်နှောင်ထားသည့် IS လက်နက်ကိုင် အဖွဲ့ဝင် ၆ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။
အီရတ် နိုင်ငံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲ အား မေလ ၁၂ ရက်နေ့ တွင် ကျင်းပရန် သတ်မှတ်ထားပြီး IS လက်နက်ကိုင် တပ်ဖွဲ့ က ယခု နှစ် ဧပြီလ တွင် ရွေးကောက်ပွဲ ကို ဦးတည်၍ တိုက်ခိုက်မှုများ ဆောင်ရွက်မည် ဟု ခြိမ်းခြောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)