Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံတွင် အနောက်တိုင်းသား ခရီးသွားဧည့်သည် နှစ်ဦး ပြန်ပေးဆွဲခံရ

ကွန်ဂိုနိုင်ငံတွင် ဥယျာဉ်တစ်ခုအတွင်း လေ့လာနေကြသော နိုင်ငံခြားသား ဧည့်သည်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂိုမာ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)အရှေ့ပိုင်း Kivပြည်နယ် မြောက်ဘက်ရှိ Virunga National Park တွင် မေလ ၁၁ ရက်က ခြုံခိုတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနောက်နိုင်ငံသား ခရီးသွားဧည့်သည်နှစ်ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။

ဥယျာဉ်၏ တာဝန်ရှိသူဖြစ်သော သဘာဝ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကွန်ဂိုတက္ကသိုလ် (ICC) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ခရီးသွားဧည့်သည်နှစ်ဦးမှာ ဥယျာဉ် ကြီးကြပ်ကွပ်ကဲသူများနှင့်အတူ ဂိုမာမြို့သို့ ပြန်လာစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

ထို နိုင်ငံခြားသားဧည့်သည်နှစ်ဦးမှာ Kibumba Tourist Site မှ ပြန်လာစဉ် ချုံခိုတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ချုံခိုတိုက်ခိုက်မှုအတွင်း ဧည့်သည်များနှင့် လိုက်ပါလာသူ ဥယျာဉ်ကြီးကြပ်သူတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ICC ၏ ပြန်ကြားရေး ညွှန်ကြားရေးမှူး Joel Wengamulay က ပြောကြားခဲ့သည်။

ICC ၏ ပြောကြားချက်အရ တိုက်ခိုက်သူများအား မသိရှိရသေးကြောင်း၊ အသေးစိတ်အချက်အလက်များအား ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်စပိုင်းကစ၍ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ များပြားလာခဲ့သည်။ လက်နက်ကိုင်အဖွဲ့များက နေရာအမျိုးမျိုး၌ ပြန်ပေးဆွဲခြင်းများနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.