Connect with us

Africa & Middle East

အီရတ် လုံခြုံရေး တပ်ဖွဲ့ က နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ အထူး တပ်ဖွဲ့ဝင် တစ်ဦး တိုက်ပွဲဝင် နေသည် ကို မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ စစ်ဘက် ဆိုင်ရာ က ဇွန်လ ၅ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အီရတ် လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် နိုင်ငံမြောက်ပိုင်း Saladin ပြည်နယ် Samarra မြို့ အနီးတစ်ဝိုက် တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အတွင်း IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့ နှင့် အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တို့ စုပေါင်း ဆောင်ရွက် ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး တွင် Samarra မြို့ အနောက်ပိုင်း ဒေသ ရှိ ရွာများ တွင် ပုန်းခို နေသည့် IS အစွန်းရောက် လက်ကျန် တပ်ဖွဲ့ များကို ရှာဖွေ တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန် ကြေညာချက် တွင် အီရတ် နိုင်ငံ အစိုးရ အနေဖြင့် IS အစွန်းရောက် အဖွဲ့အစည်း ရှင်းလင်းရေး စစ်ဆင်ရေး ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပြီး IS အစွန်းရောက် အဖွဲ့ဝင် အားလုံး ကုန်ဆုံးသည့် အချိန်ထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၄ ခုနှစ် တွင် Saladin ပြည်နယ် နယ်မြေ အများအပြား အား IS အစွန်းရောက် အဖွဲ့အစည်း က သိမ်းပိုက် ခဲ့ပြီး နောက်ပိုင်း တွင် အီရတ် အစိုးရ တပ်ဖွဲ့ က ပြန်လည် သိမ်းပိုက်သည့် စစ်ဆင်ရေး များ ဆောင်ရွက် ခဲ့သည်။ လက်ရှိချိန်တွင် IS အစွန်းရောက် လက်ကျန် အဖွဲ့အစည်း အနည်းငယ် သာ ယင်းပြည်နယ် အတွင်း ဆက်လက် တည်ရှိနေပြီး တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.