Connect with us

Africa & Middle East

ဆိုမာလီယာစစ်တပ်မော်တော်ယာဉ်တန်းအား အယ်လ်ရှာဘတ်(al-Shabaab)များက ခြုံခိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံး

ဆိုမာလီယာတွင် ဖြစ်ပွားသော ကားဗုံးခွဲမှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

နိုင်ရိုဘီ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ဇွန်လ ၅ ရက်နေ့က ဆိုမာလီတောင်ပိုင်း Middle Shabelle ပြည်နယ်တွင် ဆိုမာလီယာစစ်တပ် မော်တော်ယာဉ်တန်းအား အယ်လ်ရှာဘတ်(Middle Shabelle)များက ခြုံခိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

ဒေသ လွှတ်တော်အမတ်များနှင့်အစိုးရအရာရှိများတင်ဆောင်လာသည့် အစိုးရစစ်တပ်မော်တော်ယာဉ်တန်းက Middle Shabelle ပြည်နယ်Balad ကို ဖြတ်သန်း မောင်းနှင်စဉ် အယ်လ်ရှာဘတ်(al-Shabaab)များက ရုတ်ချည်းဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး လွှတ်တော်အမတ်များနှင့် လုံခြုံရေးစစ်သားများအပါအဝင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူဆိုမာလီယာလုံခြုံရေးရဲအရာရှိတစ်ဦးက ဆိုသည်။

ဆိုမာလီယာအယ်လ်ရှာဘတ်(al-Shabaab)များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ် ကြောင်း ကြေညာခဲ့သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့်အခြားအိမ်နီးချင်းနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.