Africa & Middle East
အီရန်လေကြောင်းလိုင်း “Mahan Air” ဆော်ဒီအာရေဗျတွင် ပိတ်ပင်ခံရ
ရီဟတ်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
အီရန် လေကြောင်းလိုင်း ဖြစ်သော “Mahan Air” ၏ ပျံသန်းခွင့်အား ပိတ်ပင်လိုက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ မြို့ပြ လေကြောင်း ပျံသန်းရေးဋ္ဌာနက ဧပြီလ ၄ ရက်က ကြေညာလိုက်ကြောင်း Sabq အွန်လိုင်း သတင်းက ဖော်ပြထား သည်။
ထိုသို့ ပိတ်ပင်ရာတွင် ဆော်ဒီလေဆိပ်သို့ ဝင်ရောက်ခြင်း သို့မဟုတ် နိုင်ငံပိုင် လေပိုင်နက် အတွင်းမှ ဖြတ်သန်း ခြင်း စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။
လုံခြုံစိတ်ချရမှု ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အဆိုပါ လေကြောင်း၏ ချိုးဖောက်မှုများကြောင့် ဤသို့ ပိတ်ပင်ခြင်း ဖြစ်ကြောင်း မြို့ပြလေကြောင်း ပျံသန်းရေးဋ္ဌာနက ပြောခဲ့သည်။
ဆော်ဒီအာရေဗျအပါအဝင် အာရပ်နိုင်ငံရေးရာများတွင် ဝင်ရောက်စွက်ဖက်မှုများကြောင့် အီရန်နိုင်ငံနှင့် ဆက် ဆံရေးအား ဆော်ဒီအာရေဗျက ယခုနှစ် ဇန်နဝါရီလတွင် ဖြတ်တောက်ခဲ့သည်။ ထိုသို့ဖြစ်ပြီးနောက် လေကြောင်း ပျံသန်းခွင့် တားမြစ်သည့် ကြေညာချက်အား ဆော်ဒီက ကြေညာခဲ့ခြင်း ဖြစ်သည်။
ယီမင်နှင့် ဆီးရီးယားအရေးများနှင့် နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အီရန်၏ နိုင်ငံရေး ရပ်တည်ချက်အား ဆော်ဒီအာရေဗျက ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ (Xinhua)