Connect with us

Africa & Middle East

ကုလသမဂ္ဂတပ်ဖွဲ့များ ချက်ချင်းထွက်ခွာရန် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောစဉ် စားပွဲစင်ကို လက်သီးနှစ်ဖက်ဖြင့် ထု၍ ပြောနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ကို အစ္စရေးစစ်တပ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကုလသမဂ္ဂ အနေဖြင့် “အန္တရာယ်ရှိသော” ဒေသများမှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား အောက်တိုဘာ ၁၃ ရက်က တောင်းဆိုခဲ့သည်။“ကျွန်တော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို တိုက်ရိုက်ပြောပြရမှာကတော့ အခုက ဟစ်ဇ်ဘိုလာနယ်မြေနဲ့ စစ်ပွဲဖြစ်နေတဲ့နေရာကနေ UNIFIL တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အချိန်တန်ပါပြီ၊ UNIFIL တပ်ဖွဲ့တွေ အန္တရာယ်ရှိတဲ့ ဒေသတွေကနေ ထွက်ခွာပေးပါ၊ ချက်ချင်း ထွက်ခွာပါ” ဟု နေတန်ယာဟုက ဗီဒီယိုထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် UNIFIL ၏ Naqoura ဒေသဌာနချုပ်ရှိ ကင်းမျှော်စင်ကို အစ္စရေးတင့်ကားတစ်စီးက ပစ်ခတ်ခဲ့ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ဘနွန်တောင်ပိုင်းနယ်စပ်ဒေသရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အခြေစိုက်စခန်းအကာအကွယ်အဆောက်အအုံတစ်ခုကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ရာ ယာဉ်များနှင့် ဆက်သွယ်ရေးစနစ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း UNIFIL က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင်မူ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့သည်။ UNIFIL ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တစ်ဦးသည် အနီးအနား၏ စစ်ရေးလှုပ်ရှားမှုများမှ ကျည်ဆန်ထိကာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား အစ္စရေး တိုက်ခိုက်ခဲ့ခြင်းက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရသည်။ အောက်တိုဘာ ၁၁ ရက်တွင် ဖြစ်ပွားခဲ့သော အစ္စရေးတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်သော လုပ်ရပ်ဖြစ်ပြီး “သည်းညည်းခံနိုင်ဖွယ်မရှိဘူး၊ နောက်တစ်ကြိမ် ထပ်ဖြစ်လို့မရဘူး” ဟု ဂူတာရက်စ်က ရှုတ်ချခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း UNIFIL သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စေလွှတ်ရာတွင် ပါဝင်သည့် နိုင်ငံပေါင်း ၄၀ က အောက်တိုဘာ ၁၂ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးက UNIFIL ကို လက်ဘနွန်-အစ္စရေး ယာယီနယ်နိမိတ်လိုင်း “အပြာလိုင်း” မှ ၅ ကီလိုမီတာအကွာ နောက်ဆုတ်ရန် တောင်းဆိုခဲ့သော်လည်း UNIFIL တပ်ဖွဲ့က ငြင်းဆိုခဲ့ကြောင်း UNIFIL ပြောရေးဆိုခွင့်ရှိသူ Andrea Tenenti က ပြောကြားခဲ့သည်။ UNIFIL သည် နောက်ဆုတ်မည် မဟုတ်ကြောင်း Tenenti က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………………………………

(Chinese Version)
以色列总理:让联合国部队立刻撤!
新华社北京10月14日电 在以军多次袭击联合国驻黎巴嫩临时部队(联黎部队)后,以总理本雅明·内塔尼亚胡13日喊话联合国秘书长安东尼奥·古特雷斯,要求联合国从“危险”地带撤走维和部队。
内塔尼亚胡在一段视频声明中说:“我要直接告诉联合国秘书长:现在是时候把联黎部队撤出真主党的地盘和交战区了……让联黎部队从危险地带撤离,立刻撤。”
联黎部队10日发表声明说,以军一辆坦克当天向联黎部队位于纳古拉地区司令部的一座哨塔开火,造成两名维和部队人员受伤;以军还袭击了黎南部边境拉布纳地区一处联合国维和部队掩体,损坏了车辆和通信系统。11日,以军的袭击又造成两名维和部队士兵受伤。12日,联黎部队说,该部队一名维和人员遭附近军事活动的枪弹击伤。
以方攻击联合国维和部队的行为受到广泛谴责。古特雷斯11日谴责以军袭击是违反国际人道主义法的行为,“无法容忍,不能再发生”。12日,参与向联黎部队派遣维和人员的40个国家发布联合声明,强烈谴责针对维和人员的袭击。
联黎部队发言人安德烈亚·泰嫩蒂13日告诉法新社记者,以方曾要求联黎部队从黎以临时界线“蓝线”后撤5公里,被联黎部队拒绝。泰嫩蒂重申,联黎部队不会后撤。(惠晓霜)
图说:9月27日,在位于纽约的联合国总部,以色列总理内塔尼亚胡在第79届联大一般性辩论上发言时双拳敲打讲台桌面。新华社记者李睿摄
图说:这是8月28日在黎巴嫩迈尔杰云拍摄的联合国驻黎巴嫩临时部队车辆。新华社发(塔希尔·阿布·哈姆丹摄)