Connect with us

Africa & Middle East

ပူတင်နှင့် မာဒူရို ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး၍ ဗင်နီဇွဲလားပြည်သူများအား ထောက်ခံအားပေးကြောင်း ပြောကြား

ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်၌ ကျင်းပသော စုပေါင်းလုံခြုံရေးအဖွဲ့၏ စုပေါင်းလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရုရှားသမ္မတ ပူတင်က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (Office of the President of the Kyrgyz Republic/Handout via Xinhua)

မော်စကို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုတို့သည် ဒီဇင်ဘာ ၁၁ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေးအကြောင်း ဆွေးနွေးကာ ဗင်နီဇွဲလားပြည်သူများအား ထောက်ခံအားပေးမှုကို ပြောကြားခဲ့သည်။နှစ်နိုင်ငံအကြီးအကဲများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် အသက်ဝင်သည့် ရုရှား-ဗင်နီဇွဲလား “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” အရ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တစ်ဆင့်တိုး တိုးတက်စေရေးနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ ပူတင်က ဗင်နီဇွဲလားပြည်သူများအပေါ် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပြီး မာဒူရိုအစိုးရက ပြင်ပဖိအားများ တစ်နေ့တခြား တိုးပွားလာသည့် အခြေအနေတွင် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းသည့် မူဝါဒကို ထောက်ခံအားပေးကြောင်း ထပ်မံပြောကြားခဲ့သည်ဟု ရုရုားသမ္မတ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ နိုင်ငံတော်အလံအား ဝှေ့ယမ်းနေသော ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှား-ဗင်နီဇွဲလား နှစ်နိုင်ငံသမ္မတများက နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွားရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာလ လကုန်ပိုင်းတွင် အမေရိကန်အနေဖြင့် ကုန်းလမ်းကြောင်းတိုက်ခိုက်မှုများ “မြန်မြန်” လုပ်ဆောင်ခြင်းမှတစ်ဆင့် ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူများ” ဟု စွပ်စွဲထားသူများကို တိုက်ဖျက်သွားနိုင်ခြေရှိသည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အမေရိကန်က ဗင်နီဇွဲလားထံသို့ အဆက်မပြတ် စစ်ရေးဖိအားပေးမှုများ လုပ်ဆောင်နေသဖြင့် ရုရှားဘက်က ဗင်နီဇွဲလား အခြေအနေတိုးတက်ပြောင်းလဲမှုကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ (Xinhua)

———————————
(Chinese Version)
普京与马杜罗通话 声援委内瑞拉人民
新华社莫斯科12月11日电(记者栾海)俄罗斯总统普京11日与委内瑞拉总统马杜罗通电话,谈论两国友好关系,并表达对委内瑞拉人民的声援。
据俄总统网站发布的消息,两国领导人就根据2025年11月生效的俄委《战略伙伴关系与合作条约》进一步发展两国友好关系交换了意见。普京表达对委内瑞拉人民的声援,并重申支持马杜罗政府在外部压力日益增大的情况下维护国家主权和利益的政策。
俄委两国总统确认,双方将持续落实在经贸、能源、金融、文化、人道主义及其他领域的合作项目。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,对委施压。美国总统特朗普11月底威胁可能“很快”通过陆路打击所谓委内瑞拉“毒贩”。委内瑞拉多次指责美国意图通过军事威胁在委策动政权更迭,并在拉美军事扩张。
俄总统新闻秘书佩斯科夫11月表示,鉴于近期美国不断向委内瑞拉施加军事压力,俄罗斯密切关注委内瑞拉局势发展。(完)
图说1:11月27日,在吉尔吉斯斯坦比什凯克,俄罗斯总统普京在集安组织集体安全理事会会议上发言。新华社发(吉尔吉斯斯坦总统办公厅供图)
图说2:12月1日,委内瑞拉总统马杜罗在首都加拉加斯一场游行活动上挥舞国旗。新华社发