Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) South Kivu ပြည်နယ်တွင် ပဋိပက္ခများကြောင့် လူ ၅၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ဟု ယူနီဆက် ဆို

ကွန်ဂို (DRC) အရှေ့ပိုင်းရှိ South Kivu ပြည်နယ် Uvira မြို့တွင် နေရပ်စွန့်ခွာသူများ ခေတ္တအနားယူနေကြသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလ ၁ ရက်မှစ၍ ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းရှိ South Kivu ပြည်နယ်၌ ပဋိပက္ခများ အဆင့်မြင့်တက်လာခြင်းကြောင့် ကလေးငယ် ၁၀၀,၀၀၀ ကျော် အပါအဝင် လူပေါင်း ၅၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ယူနီဆက် (UNICEF) က ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။လတ်တလောတွင် South Kivu ပြည်နယ်၌ ပဋိပက္ခများ အဆင့်မြင့်တက်လာခြင်းကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားအများအပြားသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး နယ်စပ်ဖြတ်ကျော်ကာ ရဝမ်ဒါနှင့် ဘူရွန်ဒီနိုင်ငံသို့ပင် ထွက်ပြေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အခြေအနေများ ဆက်လက်ဆိုးရွားလာသည်နှင့်အမျှ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူဦးရေမှာ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းရှိ South Kivu ပြည်နယ် Uvira မြို့အနီးတွင် စွန့်ပစ်ထားသော ရဲကားတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာလဆန်းမှစ၍ South Kivu ပြည်နယ်၏ ဒေသအများအပြားတွင် ပဋိပက္ခများကြောင့် လူရာနှင့်ချီ သေဆုံးခဲ့ရပြီး ယင်းအနက် အနည်းဆုံး ကလေးငယ် ၄ ဦး ပါဝင်ကြောင်း ယူနီဆက်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ “M23 လှုပ်ရှားမှု” က ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းရှိ South Kivu ပြည်နယ်ရှိ အဓိကမြို့ဖြစ်သော Uvira ကို ထိန်းချုပ်ထားကြောင်း ကြေညာထားသည်။ Uvira သည် ဘူရွန်ဒီနိုင်ငံနှင့် ကပ်လျက်တည်ရှိပြီး ဒေသတွင်း အရေးကြီးသော စီးပွားရေးအချက်အချာမြို့ ဖြစ်သည်။ အဆိုပါနေ့တွင် ဘူရွန်ဒီနိုင်ငံက ကွန်ဂိုနိုင်ငံနှင့် နယ်စပ်ဂိတ်ကို ပိတ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှစ၍ “M23 လှုပ်ရှားမှု” သည် ကွန်ဂိုနိုင်ငံ (DRC) North Kivu ပြည်နယ်၊ South Kivu ပြည်နယ် စသည့်ဒေသများတွင် ထိုးစစ်များ အဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး အရေးပါသော မြို့အများအပြားကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
联合国儿基会:刚果(金)南基伍省冲突造成逾50万人流离失所
新华社金沙萨12月14日电(记者史彧)联合国儿童基金会14日发布公报说,自12月1日以来,刚果(金)东部的南基伍省冲突升级,已造成逾50万人流离失所,其中包括超过10万名儿童。
公报说,南基伍省近期冲突升级,大批包括儿童在内的平民逃离家园,甚至越境逃至卢旺达和布隆迪。随着局势继续恶化,流离失所人数可能会进一步上升。
联合国儿基会还表示,自12月初以来,南基伍省多地冲突已造成数百人死亡,其中至少包括4名儿童。
10日,反政府武装“M23运动”宣称占领刚果(金)东部南基伍省重镇乌维拉。乌维拉毗邻布隆迪,是地区重要商贸枢纽。当天,布隆迪关闭与刚果(金)的边境口岸。今年1月以来,“M23运动”在刚果(金)北基伍省、南基伍省等地不断发起攻势,夺取多个重要城市。(完)
English Caption 1: Displaced people take a break in Uvira, a city in South Kivu Province in the eastern Democratic Republic of the Congo (DRC), on Dec. 14, 2025. (Photo by Zanem Nety Zaidi/Xinhua)
English Caption 2: An abandoned police vehicle is pictured near Uvira, a city in South Kivu Province in the eastern Democratic Republic of the Congo (DRC), on Dec. 14, 2025. (Photo by Zanem Nety Zaidi/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.