Connect with us

Africa & Middle East

ဂါဇာတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူဦးရေ ၂၂၇ ဦးအထိ မြင့်တက်လာဟု ကုလသမဂ္ဂ ထုတ်ပြန်

ဂါဇာစီးတီးရှိ ကမ်းခြေတစ်ခုအနီး ရွှေ့ပြောင်းပါလက်စတိုင်းများ ခိုလှုံရာ တဲတစ်လုံးရှေ့တွင် ထိုင်နေသော ကလေးငယ်များကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီး အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်သော သေဆုံးသူဦးရေ စုစုပေါင်းမှာ ၂၂၇ ဦးအထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်သော သေဆုံးမှုများအနက် ကလေးငယ် ၁၀၃ ဦး ပါဝင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်း ဒူရာဂျစ်က နေ့စဥ်အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း အဆိုပါလ၌ပင် စတင်ခဲ့သော ပဋိပက္ခစတင်ချိန်မှစ၍ ဂါဇာတွင် ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာကြောင်း သတိပေးခဲ့သည်။

အဆိုပါအခြေအနေများနှင့် ဆန့်ကျင်စွာပင် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာ လူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သည့် အနိမ့်ဆုံးပမာဏအောက် အဆပေါင်းများစွာ လျော့နည်းနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ လိုအပ်တဲ့အတိုင်းအတာနဲ့ အကူအညီတွေ ပေးပို့လို့မရအောင် ကုလသမဂ္ဂကို တားဆီးတဲ့ သိသာထင်ရှားတဲ့ နှောင့်နှေးမှုတွေနဲ့ အခြားအတားအဆီးတွေကို ရင်ဆိုင်ရဆဲဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂက အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီများ စုဆောင်းခြင်းအပါအဝင် မစ်ရှင် ၁၆ ခုကို အစ္စရေးအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဩဂုတ် ၁၁ ရက်၌ တောင်းဆိုခဲ့သော်လည်း လေးခုသာ အဆင်ပြေချောမွေ့ခဲ့ပြီး သုံးခုက ငြင်းပယ်ခံခဲ့ရကြောင်း၊ နောက်ထပ်လေးခုမှာ ကြန့်ကြာခဲ့သော်လည်း နောက်ဆုံးတွင် အပြည့်အဝ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း ဒူရာဂျစ်က ပြောကြားခဲ့သည်။
ကျန်လုပ်ငန်းငါးခုအနက် နှစ်ခုကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပယ်ဖျက်ခဲ့ပြီး ကျန်နှစ်ခုမှာ ကြန့်ကြာနေပြီး မပြီးပြတ်နိုင်သေးဘဲရှိနေကာ အခြားတစ်ခုကမူ ကြန့်ကြာနေသော်လည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေဟာ အစ္စရေး အာဏာပိုင်တွေရဲ့ မှန်းဆလို့မရတဲ့ ငြင်းပယ်မှုတွေကြောင့် နာရီနဲ့ချီကြာပြီး အဖိုးတန်အချိန်တွေ ဆုံးရှုံးရပါတယ်” ဟုလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………..
Number of malnutrition-related deaths in Gaza rises to 227: UN

UNITED NATIONS, Aug. 12 (Xinhua) — The health authorities in Gaza reported that five people died over the past 24 hours due to malnutrition and starvation, bringing the total number of malnutrition-related deaths to 227, a UN spokesperson said Tuesday.
Stephane Dujarric, spokesman for the UN secretary-general, told a daily briefing that the malnutrition-related deaths include 103 children since October 2023, while the World Food Programme warned that starvation and malnutrition have reached the highest levels in Gaza since the conflict began that same month.
Against this backdrop, humanitarian supplies entering Gaza remain far below the minimum required to meet people’s needs, he said, adding that “humanitarian movements still face significant delays and other impediments that prevent the UN from delivering aid at the scale that is needed.”
On Monday, the United Nations requested to coordinate with the Israeli authorities 16 missions, including the collection of food, medical supplies and fuel, but only four were facilitated, and three were denied. Another four were impeded but were eventually fully accomplished, said Dujarric.
Of the remaining five missions, two were canceled by the respective organizations, another two were impeded and unable to be completed, while another one was impeded but is still ongoing, he said.
“Efforts to coordinate humanitarian movements often drag on for hours due to unpredictable clearances by the Israeli authorities, wasting precious time,” the spokesman added. ■

English Caption

Children sit in front of a tent for displaced Palestinians near a beach in Gaza City, on Aug. 10, 2025. (Photo by Rizek Abdeljawad/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.