Connect with us

Africa & Middle East

တရုတ်-ဆီရာလီယွန် “ပထမဆုံးတွေ့မြင်သူ” အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုစင်တာ တရားဝင် စတင်အသုံးပြု

ဆီရာလီယွန်နိုင်ငံ ဖရီးတောင်းမြို့တွင် ၂၆ သုတ်မြောက် တရုတ်နိုင်ငံမှ ဆီရာလီယွန်နိုင်ငံအား ကူညီပေးသည့် ဆေးကုသရေးအဖွဲ့ဝင်က ဒေသခံသင်တန်းသူအား အရေးပေါ်အသက်ကယ်သည့် CPR နည်း သင်ကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - The 26th batch of the Chinese medical team in Sierra Leone/Handout via Xinhua)

အက်ခရာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပထမဆုံး တရုတ်-ဆီရာလီယွန် “ပထမဆုံးတွေ့မြင်သူ” အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုစင်တာကို စက်တင်ဘာ ၁၀ ရက်တွင် ဆီရာလီယွန်နိုင်ငံ မြို့တော်ဖရီးတောင်းရှိ တရုတ်-ဆီရာလီယွန် ချစ်ကြည်ရေးဆေးရုံ၌ တရားဝင်စတင်အသုံးပြုခဲ့သည်။ အဆိုပါစီမံကိန်းသည် ဒေသတွင်း အရေးပေါ်တုံ့ပြန်မှု စွမ်းရည်အား စနစ်တကျမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်သည့် ဆီရာလီယွန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ချင်က တရုတ်နိုင်ငံအနေဖြင့် ပြည်ပတွင် ဆေးကုသမှုကူညီရေး လက်တွေ့ဖော်ဆောင်မှုများအား ဆက်လက်နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆီရာလီယွန်နိုင်ငံ ဆေးကုသမှု ကျန်းမာရေးလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်းဖြင့် တရုတ်-ဆီရာလီယွန် ချစ်ကြည်ရေးကို အသက်များကာကွယ်စောင့်ရှောက်သည့် ပူးပေါင်းဆောင်ရွက်မှုအတွင်း ပိုမိုနက်ရှိုင်းလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီရာလီယွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဆေးကုသရေးဆိုင်ရာ အကြီးအကဲ Sartie Kanneh က ဆီရာလီယွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအား ကိုယ်စားပြု၍ ဆီရာလီယွန်-တရုတ် ဆေးကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို အသိအမှတ်ပြုခဲ့ပြီး လေ့ကျင့်မှုစင်တာအား စတင်အသုံးပြုခြင်းသည် ဆီရာလီယွန်ဘက်က ကိုယ်ပိုင် အရေးပေါ်ကယ်ဆယ်ရေးစနစ် တည်ဆောက်ရန်အတွက် အဓိကကျသည့် ပံ့ပိုးမှုပေးလိုက်ကြောင်း၊ ယင်းကို အခါအခွင့်အဖြစ် အသုံးပြုကာ နှစ်နိုင်ငံက ဆေးကုသရေး လူရည်ချွန်များ ပျိုးထောင်မှု၊ နည်းပညာဖလှယ်မှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်သွားရန် မျှော်လင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ထိုနေ့တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဆီရာလီယွန်နိုင်ငံသို့ ဆေးကုသရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ၂၆ သုတ်မြောက် တရုတ်နိုင်ငံမှ ဆီရာလီယွန်အား အကူအညီပေးသည့် ဆေးကုသရေးအဖွဲ့ကလည်း ကမ္ဘာ့နှလုံးနေ့ (World Heart Day) အသိပညာပေးလှုပ်ရှားမှုနှင့် နှလုံးသွေးကြောရောဂါ ပရဟိတကုသမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————————————————–
(Chinese Version)
中国-塞拉利昂“第一目击者”急救培训中心正式启用
新华社阿克拉9月11日电(记者高剑飞)弗里敦消息:首个中国-塞拉利昂“第一目击者”急救培训中心10日在塞拉利昂首都弗里敦的中塞友好医院正式启用。该项目旨在系统性提升当地应急能力。
出席活动的中国驻塞拉利昂大使王擎表示,中国将持续深化援外医疗实践,助力塞拉利昂医疗卫生事业高质量发展,让中塞友谊在守护生命的合作中愈发深厚。
塞拉利昂卫生部首席医务官萨蒂·肯内代表塞卫生部长肯定了塞中医疗合作成果,指出培训中心的启用为塞方构建自主急救体系提供了关键支撑,期待以此为契机,进一步强化两国在医疗人才培养、技术交流等领域的合作。
当天,湖南省卫生健康委向塞拉利昂捐赠医疗物资,中国第26批援塞拉利昂医疗队开展世界心脏日科普宣传与心脑血管疾病义诊。(完)
图说:9月10日,中国第26批援塞拉利昂医疗队成员指导当地学员进行心脏复苏培训。新华社发(中国第26批援塞拉利昂医疗队供图)