Connect with us

Africa & Middle East

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က အီရန်အား ထောက်ခံအားပေးကြောင်းပြောကာ အမေရိကန်က သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည်ဟု ပြစ်တင်ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအဖွဲ့ ထောက်ခံအားပေးသူများက ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ဟောင်း Hassan Nasrallah နှင့် Hashem Safieddine တို့၏ ဈာပနအခမ်းအနား တက်ရောက်သည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Naim Qassem က ဇန်နဝါရီ ၁၇ ရက်တွင် အမှာစကားပြောကြားရာ၌ အီရန်အပေါ် ထောက်ခံအားပေးကြောင်း ပြောပြီး အမေရိကန်က သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။Naim Qassem က ထိုနေ့အမှာစကားပြောကြားမှုအတွင်း အီရန်နိုင်ငံ၏ လတ်တလောအခြေအနေနှင့် စပ်လျဉ်း၍ သုံးသပ်ပြောကြားရာ၌ အမေရိကန်အစိုးရသည် တစ်ကမ္ဘာလုံး၌ ဒီမိုကရေစီ၊ လွတ်လပ်သော နိုင်ငံရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြိုးပမ်းနေကြောင်း၊ ဘဏ္ဍာရေး၊ ရေနံ စသည့် အရင်းအမြစ်များကို လုယူခြင်းဖြင့် အခြားနိုင်ငံများအပေါ် ထိန်းချုပ်မှု လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် Al-Manar TV ၏ သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ပြည်တွင်း၌ စီးပွားရေးပြဿနာကြောင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုကို အသုံးချ၍ မတည်မငြိမ်လှုပ်ခတ်မှုနှင့် ရှုပ်ထွေးမှုများ ဖန်တီးခြင်းကို Naim Qassem က ပြစ်တင်ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေး ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိသော “ကိုယ်စားပြုပုဂ္ဂိုလ်” များသည်လည်း ထိုဖြစ်ရပ်အတွင်း ပါဝင်နေပြီး မတည်ငြိမ်သော အခြေအနေအား လှုံ့ဆော်ဖန်တီးရန် ကြိုးပမ်းနေကြောင်း၊ သို့သော် သက်ဆိုင်ရာကြိုးပမ်းမှုသည် အောင်မြင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗင်နီဇွဲလား အရေးနှင့်စပ်လျဉ်း၍ အမေရိကန်၏ လှုပ်ရှားမှုသည် ဗင်နီဇွဲလား သဘာဝအရင်းအမြစ် အထူးသဖြင့် ရေနံအရင်းအမြစ်အပေါ် တပ်မက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်၏ နယ်မြေချဲ့ထွင်ရေးရည်မှန်းချက်သည် ဗင်နီဇွဲလားကို ဦးတည်သည်သာမက ဂရင်းလန်းကျွန်း၊ ကျူးဘား၊ ကနေဒါနှင့် ဥရောပသမဂ္ဂ အထိပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြောင်း Naim Qassem က ပြောကြားခဲ့သည်။

လက်ဘနွန် ပြည်တွင်းအခြေအနေနှင့် စပ်လျဉ်း၍ Naim Qassem က လက်ဘနွန်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်လုံံခြုံရေးအတွက် တာဝန်ယူသင့်ကြောင်း၊ သို့သော် အမေရိကန်နှင့် အစ္စရေးတို့က ကျူးကျော်မှု လုပ်ဆောင်ချက်များ ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့် အချို့သော လက်ဘနွန် ပြည်တွင်းအင်အားစုများက ပြည်ပအကျိုးအမြတ်အုပ်စုများနှင့် တွဲဖက်လုပ်ဆောင်နေခြင်းကြောင့် လက်ဘနွန်၏ တည်ငြိမ်မှုကို မဖော်ဆောင်နိုင်သေးကြောင်း ဆိုသည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ အား အကောင်အထည်ဖော်မှု၊ လက်နက် “သီးသန့်ထိန်းချုပ်ခွင့်” နှင့် နိုင်ငံတော်လုံခြုံရေးမဟာဗျူဟာ စသည့် အရေးကိစ္စများမှာ လက်ဘနွန်၏ ပြည်တွင်းရေးသာဖြစ်ကြောင်းလည်း Naim Qassem က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

————————————–
(Chinese Version)
黎真主党领导人表示支持伊朗 指责美国干涉他国内政
新华社贝鲁特1月17日电(记者申峰 曹昌浩)黎巴嫩真主党领导人纳伊姆·卡西姆17日发表讲话,表达对伊朗的坚定支持,指责美国干涉他国内政。
据黎巴嫩真主党旗下灯塔电视台报道,卡西姆当天在讲话中就伊朗近期局势发表评论称,美国政府试图在全球范围内阻挠民主、独立的政治体制发展,通过攫取金融、石油等资源,对其他国家实施控制。
卡西姆指责美国和以色列利用伊朗国内因经济问题引发的和平抗议活动制造动荡和混乱。他称,有与美国和以色列情报机构有关联的“代理人”参与其中,企图煽动制造不稳定局势,但相关图谋不会得逞。
在谈及委内瑞拉问题时,卡西姆表示,美国的行动源于对委内瑞拉自然资源,尤其是石油资源的觊觎。他说,美国的扩张野心不仅针对委内瑞拉,还延伸至格陵兰岛、古巴、加拿大以及欧盟。
在谈到黎巴嫩国内局势时,卡西姆说,黎巴嫩政府应对国家安全承担责任,但由于美国和以色列持续实施侵略行为,以及黎一些内部势力配合外国利益集团,黎巴嫩的稳定仍未实现。
卡西姆重申,有关联合国安理会第1701号决议的执行、武器“专属管控权”以及国家防务战略等问题,均属于黎巴嫩内政。(完)
图说:2025年2月23日,在黎巴嫩贝鲁特,真主党支持者参加真主党前领导人纳斯鲁拉和萨菲丁的葬礼。新华社发(比拉尔·贾维希摄)