Africa & Middle East
အမေရိကန်စစ်တပ် ဆုတ်ခွာသွားပြီးနောက် အီရတ်က Ayn al-Asad လေတပ်စခန်းအား အပြည့်အဝ လက်လွှဲယူထိန်းချုပ်
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်အနေဖြင့် အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်ရှိ Ayn al-Asad လေတပ်စခန်းမှ အားလုံးဆုတ်ခွာသွားပြီဖြစ်ရာ အီရတ်စစ်တပ်က အဆိုပါစခန်းအား အပြည့်အဝ လက်လွှဲယူထိန်းချုပ်လိုက်ကြောင်း အီရတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။အမေရိကန်စစ်တပ် ဆုတ်ခွာ၍ အီရတ်စစ်တပ်က လက်လွှဲယူထိန်းချုပ်ပြီးနောက် အီရတ်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် Abdul Amir Yarallah က Ayn al-Asad လေတပ်စခန်းအား လေ့လာကြည့်ရှုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါစခန်း၏ အရေးကြီးမှုကြောင့် စခန်း၏ဘေးကင်းလုံခြုံမှုကို အာမခံပေးရန်အတွက် အခြေစိုက်သည့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ညှိနှိုင်းလုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် Abdul Amir Yarallah က ညွန်ကြားခဲ့သည်။
Ayn al-Asad လေတပ်စခန်းသည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေတပ်စခန်းဖြစ်သလို အမေရိကန်က ဦးဆောင်သည့် ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့က အီရတ်နိုင်ငံတွင် အခြေစိုက်သည့် အဓိကစခန်းများအနက်တစ်ခုလည်း ဖြစ်သည်။
အီရတ်အနေဖြင့် နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် အီရတ်ရှိ ၎င်းတို့တာဝန်များအား အဆုံးသတ်ရေးအတွက် သဘောတူညီချက်ရရှိပြီးဖြစ်ကြောင်း၊ အဆိုပါနိုင်ငံစုံပူးတွဲတပ်ဖွဲ့သည် လက်ရှိတွင် ပူးတွဲစစ်ဆင်ရေး လှုပ်ရှားမှုများ၌ ပါဝင်ခြင်းမရှိတော့ဘဲ Ayn al-Asad စခန်းမှ ဘက်စုံဆုတ်ခွာကာ ၎င်းစခန်းကို အီရတ်စစ်တပ်ထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အီရတ်စစ်တပ် ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာန ဒုတိယဦးစီးချုပ် Qais al-Muhammadawi က ယမန်လတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ၂၀၀၃ ခုနှစ်တွင် အီရတ်စစ်ပွဲအား စတင်ဆင်နွှဲခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အခြေခံအားဖြင့် စစ်တပ်များ ဆုတ်ခွာသွားကာ အခြေစိုက်တပ်ဖွဲ့အနည်းငယ်သာ ချန်ထားခဲ့သည်။ အစွန်းရောက်အဖွဲ့ ISIS သည် ၂၀၁၄ ခုနှစ်တွင် အီရတ်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသအများအပြားကို လုယူသိမ်းပိုက်ခဲ့ရာ ယင်းနောက် နိုင်ငံတကာမဟာမိတ်အဖွဲ့က အီရတ်နိုင်ငံသို့ တပ်ဖွဲ့များ ထပ်တိုးစေလွှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အီရတ်နိုင်ငံအစိုးရက ISIS အား အနိုင်တိုက်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အီရတ်နိုင်ငံအစိုးရနှင့် အမေရိကန်တို့ သဘောတူညီချက် ရရှိခဲ့ပြီး လပေါင်း ၁၂ လအတွင်း၌ နိုင်ငံတကာမဟာမိတ်အဖွဲ့က အီရတ်နိုင်ငံ ပြည်တွင်း၌ ISIS တိုက်ဖျက်ရေးအတွက် စစ်ရေးတာဝန်များကို အဆုံးသတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
#Iraq #US #AirBase #အီရတ် #အမေရိကန် #လေတပ်စခန်း
———————————–
(Chinese Version)
美军撤离 伊拉克全面接管阿萨德空军基地
新华社巴格达1月17日电(记者李军 段敏夫)伊拉克国防部17日发表声明说,美军已从该国西部安巴尔省的阿萨德空军基地全部撤出,伊拉克军方全面接管该基地。
声明说,在美军撤离、伊军接管后,伊拉克武装部队总参谋长亚拉拉视察阿萨德空军基地。鉴于这一基地的重要性,亚拉拉指示加强各驻防部队间的协调与合作,确保基地安全。
阿萨德基地是伊拉克第二大空军基地,也是美国主导的打击“伊斯兰国”国际联盟部队在伊拉克驻扎的主要基地之一。
伊拉克军队联合行动指挥部副司令卡伊斯·穆罕默达维上月表示,伊拉克已与国际联盟就结束其在伊任务达成一致,这支多国联军现已不再参与联合行动,将“全面撤离”阿萨德基地并将其移交给伊拉克军方。
美国2003年发动伊拉克战争,2011年底基本撤军,仅留少量驻军。极端组织“伊斯兰国”2014年夺取伊拉克西部和北部大片地区,国际联盟随后增兵伊拉克。2017年12月,伊拉克政府宣布击败“伊斯兰国”。2024年9月,伊政府与美方达成协议,宣布12个月内结束国际联盟在伊境内打击“伊斯兰国”的军事任务。(完)
