Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်း စစ်ပွဲအန္တရာယ်အချိန်ကြာရှည်လာခြင်းက ကမ္ဘာ့လေကြောင်းလိုင်းများကို ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရစေ

အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်၊ အစ္စရေးနှင့် အီရစ် စစ်ပွဲအချိန်ကြာရှည်လာခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှုများက ဆက်တိုက် အဟန့်အတားဖြစ်လျက်ရှိပြီး ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးစနစ်သည်လည်း ကမောက်ကမနှင့် ရှုပ်ထွေးလျက်ရှိရာ ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်သွားသလို ကမ္ဘာ့လေကြောင်းလိုင်းများသည်လည်း ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပေသည်။ လောင်စာဆီဈေးနှုန်း များစွာ မြင့်တက်လာခြင်းကြောင့် လေကြောင်းလိုင်းကုမ္ပဏီအများအပြားက လေယာဉ်လက်မှတ်ဈေးနှုန်းများကို တိုးမြှင့်ရန်နှင့် ဘဏ္ဍာရေးအလားအလာကို ပြန်လည်ချိန်ညှိရန် ဖိအားဖြစ်စေသည်။ သုံးသပ်သူများက အကယ်၍ အရှေ့အလယ်ပိုင်း စစ်ပွဲအန္တရာယ် ဆက်လက်ရှိနေမည်ဆိုပါက လေကြောင်းလိုင်းကုမ္ပဏီအချို့ ကျဉ်းထဲကျပ်ထဲ ကျရောက်နိုင်သည်ဟု ထောက်ပြကြသည်။

လေယာဉ်လောင်စာဆီသည် လေကြောင်းလိုင်းကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုစရိတ်တွင် အလွန်ကြီးမားသော အချိုးအစားရှိသည်။ S&P Global Energy ကုမ္ပဏီ၏ အချက်အလက်များတွင် မကြာသေးမီက ကမ္ဘာ့လေယာဉ်ဆီ အခြေခံစံဈေးနှုန်းများမှာ တစ်စည်လျှင် ကန်ဒေါ်လာ ၈၅ မှ ၉၀ ဒေါ်လာ အကြားရှိရာမှ တစ်စည်လျှင် ကန်ဒေါ်လာ ၁၅၀ မှ ၂၀၀ ဒေါ်လာအကြား ခုန်တက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ပင်လယ်ကွေ့ဒေသသည် အရေးပါသည့် လေကြောင်းအချက်အချာဖြစ်သလို ကမ္ဘာပေါ်တွင် အလုပ်အများဆုံးသော လေကြောင်းလမ်းများအနက် တစ်ခုလည်း ဖြစ်သည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲ ဖြစ်ပွားချိန်မှစ၍ လောင်စာဆီစရိတ်မြင့်တက်လာမှု ဝန်ဖိအားကို ရင်ဆိုင်ကိုင်တွယ်ရန်အတွက် လေကြောင်းလိုင်းကုမ္ပဏီအများအပြားက လေယာဉ်လက်မှတ်ခနှင့် လောင်စာဆီအပိုကောက်ခံမှုများကို တိုးမြှင့်ခဲ့သည်။ အာရှနှင့် ဥရောပအကြား တိုက်ရိုက်လေယာဉ်ခရီးစဉ် ကြိုတင်မှာယူရန် ခရီးသွားဧည့်သည်များက ပိုမိုကြိုးစားလာကြသည်။ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် လည်ပတ်နိုင်စွမ်း ကျဆင်းလာခြင်း အကြောင်းရင်းက လေယာဉ်လက်မှတ်ခများကို ပိုမိုမြင့်တက်စေခဲ့သည်။

လေယာဉ်လက်မှတ်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် Skyscanner ၏ လေ့လာမှုများ၌ ဧပြီလတွင် ဥရောပမှ အာရှသို့ ပျံသန်းမည့် Economy Class လေယာဉ်လက်မှတ်များမှာ စစ်ပွဲမတိုင်မီကထက် နှစ်ဆမြင့်တက်ခဲ့သလို Business Class လက်မှတ်ဈေးနှုန်းများမှာ ယူရိုငွေ ၁၀,၀၀၀ ကျော် ရှိလာပြီဖြစ်ရာ ယခင်ဈေးထက် အဆပေါင်းများစွာ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျာမနီခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Albin Loidl က လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာခြင်း၊ ဝေဟင်ပိုင်နက် ပိတ်ဆို့မှုများကြောင့် ပျံသန်းရမည့် ခရီးစဉ်လမ်းကြောင်းများ ပိုမိုရှည်လျားလာခြင်းနှင့် ဖြစ်ပေါ်လာနိုင်သော လည်ပတ်နိုင်စွမ်းအကျပ်အတည်းတို့သည် လေယာဉ်လက်မှတ်ဈေးနှုန်းများကို မြင့်တက်လာစေရန် တွန်းအားပေးနေကြောင်း ယူဆသည်။ဖင်လန်နိုင်ငံပိုင် လေကြောင်းကုမ္ပဏီ Finnair က လေကြောင်းလိုင်းခရီးစဉ်အားလုံး၏လက်မှတ်ခများကို တိုးမြှင့်မည် ဖြစ်ကြောင်း မကြာမီရက်ပိုင်းတွင် ကြေညာခဲ့သည်။ ဥရောပ လေကြောင်းလိုင်းလောကက ထိပ်သီးလုပ်ငန်းကြီး ဖြစ်သည့် Air France-KLM က Air France နှင့် KLM Royal Dutch Airlines တို့က မတ် ၁၁ ရက်နှင့် ၎င်းနောက်ပိုင်း ရောင်းချသည့် ခရီးဝေး လေကြောင်းခရီးစဉ်လက်မှတ်များကို တိုးမြှင့်မည်ဖြစ်ကြောင်း မတ် ၁၃ ရက်တွင် ကြေညာခဲ့သည်။ ထို့အပြင် ပြင်သစ်နိုင်ငံ Corsair S.A.၊ Thai Airways နှင့် Air New Zealand စသည့် လေကြောင်းကုမ္ပဏီများအပါအဝင် လေကြောင်းလိုင်းအများအပြားသည်လည်း ခရီးစဉ်အချို့၏ လက်မှတ်ခ သို့မဟုတ် လောင်စာဆီ အပိုကြေးများကို တိုးမြှင့်လိုက်ပြီဖြစ်သည်။ သက်ဆိုင်ရာ အစီအမံများမှာ ဈေးကွက်ပတ်ဝန်းကျင်အပြောင်းအလဲကို ရင်ဆိုင်ကိုယ်တွယ်သည့် မဖြစ်မနေနည်းလမ်းဖြစ်သလို တစ်ချိန်တည်းတွင်ပင် ကုန်ကျစရိတ်ဝန်ဖိအားနှင့် ဝန်ဆောင်စရိတ်ကုန်ကျမှုအကြား မျှခြေညှိရန်ကြိုးပမ်းခြင်းလည်း ဖြစ်သည်ဟု ယင်းကုမ္ပဏီများက ယေဘုယျအားဖြင့် ပြောကြားခဲ့သည်။

ကုန်ကျစရိတ် ဝန်ဖိအား တစ်ဟုန်ထိုး တက်သွားခြင်းက လေကြောင်းကုမ္ပဏီများကို မူလကပင် အမြတ်အစွန်း နည်းပါးသည့် လေကြောင်းခရီးစဉ်ပျံသန်းမှုများအား မဖြစ်မနေ ရပ်တန့်စေနိုင်သည်။
မတ်လ ၁၂ ရက်အထိ ယခုအကြိမ် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ယင်းဒေသအတွင်းရှိ လေကြောင်းအချက်အချာနေရာ ၉ နေရာရှိ လေကြောင်းခရီးစဉ် ၁၉,၀၀၀ နီးပါး ဖျက်သိမ်းလိုက်ခြင်းကြောင့် လေကြောင်းကုမ္ပဏီများ၏ဝင်ငွေမှာ ကန်ဒေါ်လာ ၁.၉ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်သည့် မူဝါဒအကျဉ်းချုပ်အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က လေကြောင်းကုမ္ပဏီများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မလေးရှားနိုင်ငံအနေဖြင့် စောင့်ကြည့်နေကြောင်း၊ အကယ်၍ လောင်စာဆီဈေးနှုန်း ဆက်လက် မြင့်တက်လာမည်ဆိုလျှင် လေကြောင်းကုမ္ပဏီများအနေဖြင့် အချို့လေကြောင်းခရီးစဉ်များကို မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်ကြောင်း မကြာမီရက်ပိုင်းက Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပြောကြားခဲ့သည်။
Scandinavian Airlines တာဝန်ခံက စရိတ်မြင့်တက်မှုများကို ရင်ဆိုင်တုံ့ပြန်ရန် မတ်လမှစ၍ ကုမ္ပဏီအနေဖြင့် လေကြောင်းခရီးစည် ရာနှင့်ချီ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ကာလတိုအတွင်း နောက်ထပ်လေကြောင်းခရီးစဉ်များ ထပ်မံဖျက်သိမ်းရနိုင်ဖွယ်ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် အခြား လေကြောင်းခရီးစဉ် အနည်းဆုံး ၁,၀၀၀ ခန့်ကလည်း စရိတ်လျှော့ချရေးအစီအမံများ၏ ရိုက်ခတ်မှုဒဏ်ခံနေရကြောင်း မကြာမီရက်ပိုင်းတွင် မီဒီယာများကို ပြောကြားခဲ့သည်။

တန်ဖိုးနည်းလေကြောင်းကုမ္ပဏီများတွင် ၎င်းတို့လုပ်ငန်းလည်ပတ်သည့် ကုန်ကျစရိတ်၏ အများစုမှာ လေယာဉ်လောင်စာဆီ ဖြစ်ခြင်းကြောင့် ဆိုးရွားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ဥပမာဆိုရလျှင် တောင်အာဖရိက၏ တန်ဖိုးနည်းလေကြောင်းကုမ္ပဏီ FlySafair ၏ လောင်စာဆီသည် ၎င်းလုပ်ငန်းလည်ပတ်မှုစရိတ်၏ ၅၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ ရှိသည်။ ယင်းကုမ္ပဏီက မကြာမီရက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လောင်စာဆီစရိတ် မြင့်မားမှုကြောင့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်ရန် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး လောင်စာဆီ အပိုကြေးများကို မဖြစ်မနေ တိုးမြှင့်ကောက်ခံရမည်ဖြစ်ရာ လောင်စာဆီဈေးနှုန်းပြောင်းလဲမှုကာလအလျောက် ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် နွေဦးရာသီနှင့် နွေရာသီ ခရီးသွားရာသီ လက်မှတ်ကြိုတင်မှာယူမှု အများဆုံးကာလဖြစ်ပြီး မူလက လေကြောင်းကုမ္ပဏီများအတွက် တစ်နှစ်တာအမြတ်အစွန်းရရှိမည့် အချက်အချာအကျဆုံးအချိန်ကာလတစ်ခု ဖြစ်သည်။ သို့သော် အရှေ့အလယ်ပိုင်း အကျပ်အတည်းအခြေအနေကို ရင်ဆိုင်ရာတွင် ကမ္ဘာ့လေကြောင်းကုမ္ပဏီများက ကုန်ကျစရိတ်မြင့်တက်မှုနှင့် ဝယ်လိုအားကျဆင်းမှု “ဘေးကျပ်နံကျပ်အခြေအနေ” ကို ကြုံတွေ့ရနိုင်သည်ဟု သုံးသပ်သူများက ထောက်ပြကြသည်။
ကုန်ကျစရိတ်ကဏ္ဍအနေဖြင့်ကြည့်မည်ဆိုလျှင် လေကြောင်းကုမ္ပဏီများက လောင်စာဆီဈေးနှုန်းကို အထူးအကဲဆတ်လျက်ရှိရာ အချို့ကုမ္ပဏီများက ဆုံးရှုံးနိုင်ခြေကို အကာအကွယ်ပြုသည့် Hedging စသည့် ဘဏ္ဍာရေးကိရိယာများကို အသုံးပြု၍ အချိန်အတိုင်းအတာတစ်ခုအတွင်း လောင်စာဆီကို ချိုသာသည့်ဈေးနှုန်းဖြင့် ရယူထားပြီးဖြစ်သော်လည်း ထိုယန္တရားများ၏ လွှမ်းခြုံမှုအတိုင်းအတာမှာ အကန့်အသတ်ရှိခြင်းကြောင့် ဆက်တိုက် မြင့်တက်လာသည့် စွမ်းအင်ကုန်ကျစရိတ်ကို အပြည့်အဝချေပနိုင်ရန် ခဲယဉ်းလှသည်။ ဝယ်လိုအားကဏ္ဍအနေဖြင့် ကြည့်မည်ဆိုလျှင် လက်မှတ်ခ ဈေးတက်ခြင်းက ခရီးသွားလာလိုမှုကို မလွဲမသွေ လျော့နည်းစေမည် ဖြစ်သည်။

ဈေးကွက်ကို ပို၍ စိုးရိမ်ပူပန်စေသည်မှာ အလယ်အလတ်နှင့် ရေရှည်ကာလ၏ အန္တရာယ်ဖြစ်သည်။ အကယ်၍ လာမည့်လပိုင်းအတွင်း ဆီဈေးသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ခန့် ဆက်ရှိနေမည် သို့မဟုတ် ကန်ဒေါ်လာ ၁၅၀ အထိ ခုန်တက်သွားမည်ဆိုလျှင် ဘဏ္ဍာရေးအခြေအနေအားနည်းသည့် လေကြောင်းကုမ္ပဏီများအနေဖြင့် လေယာဉ်သစ်လွှဲပြောင်းမှုကာလ ရွှေ့ဆိုင်းခြင်း၊ ဝန်ထမ်းလျှော့ချခြင်းနှင့် ဒေဝါလီခံခြင်း စသည့် အန္တရာယ်များအပါအဝင် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ကွင်းဆက်သက်ရောက်မှုများ တစ်သီတစ်တန်းကြီး ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြထားသည်။ လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲသည် စွမ်းအင်အခြေခံအဆောက်အဦများကို ထပ်ဆင့်ဂယက်ရိုက်ခတ်နေပြီဖြစ်ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိသည်။
အကယ်၍ စစ်ပွဲ ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် ရေနံတစ်စည်လျှင် ကန်ဒေါ်လာ ၂၀၀ အထိ မြင့်တက်မည့်အခြေအနေကို ရင်ဆိုင်ရန် ကမ္ဘာကြီးက ပြင်ဆင်ထားသင့်ကြောင်း အီရန်ဘက်က သတိပေးထားသည်။ ယင်းမှာ ကမ္ဘာ့လေကြောင်းကုမ္ပဏီများအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေမည်မှာ မလွဲမသွေ ဖြစ်ချေသည်။ (Xinhua)
———————————————
(Chinese Version)
国际观察|中东战事风险延宕 全球航空业面临重大挑战
新华社北京3月21日电 题:中东战事风险延宕 全球航空业面临重大挑战   新华社记者刘轶芳
在美以伊战事延宕的背景下,霍尔木兹海峡航运持续受阻,全球能源供应体系被扰乱,国际油价一路飙涨,全球航空业面临重大挑战。燃油成本大幅上涨迫使不少航空公司提高票价并调整财务前景。分析人士指出,如果中东战事风险持续,一些航空公司或将陷于困境。
航空燃油在航空公司运营成本中占较大比重。标普全球能源公司数据显示,近来,全球航空燃油基准价格从每桶85美元至90美元区间,飙升至每桶150美元至200美元区间。
海湾地区是重要航空枢纽,也是全球最繁忙的空中通道之一。美以伊战事爆发以来,为应对燃油成本上涨压力,多家航空公司提高票价和燃油附加费。越来越多旅客尝试预订亚洲与欧洲之间的直飞航班。需求上升与运力下降叠加,进一步推动票价上涨。
机票门户网站天巡网的研究显示,4月欧洲飞往亚洲的经济舱机票价格较战事前翻了一倍,商务舱机票价格已突破1万欧元,是以往价格水平的数倍。
德国旅游协会主席阿尔宾·洛伊德尔认为,航空燃油价格上涨、因空域关闭导致的航线延长,以及潜在的运力瓶颈,都在推高机票价格。
芬兰国家控股航空公司芬兰航空公司日前宣布,将提高全航线票价。欧洲航空业巨头法航-荷航集团12日宣布,法国航空和荷兰皇家航空将上调11日及之后出票的远程航班票价。此外,包括法国科西嘉国际航空公司、泰国国际航空公司、新西兰航空公司等在内的多家航司,均已上调部分航线票价或燃油附加费。这些公司普遍表示,相关措施既是应对市场环境变化的必要手段,同时也力图在成本压力与服务可负担性之间取得平衡。
成本压力陡增或将迫使航空公司停飞原本盈利空间较小的航班。联合国最新发布的一份政策简报显示,截至3月12日,本轮冲突爆发以来该地区内9个航空枢纽近1.9万班航班被取消,导致航空公司预计收入损失约19亿美元。
马来西亚交通部长陆兆福日前在社交媒体脸书上表示,马方关注到航空公司面临的挑战,如果燃油价格持续上涨,航空公司可能不得不停飞某些航班。
北欧航空公司负责人日前对媒体表示,为应对成本上涨,3月份以来,公司已取消数百个航班,预计短期内还将有更多航班被取消,另有至少1000个航班受到节约成本等措施的影响。
廉价航空公司因航空燃油在其运营成本中占比更高,面临更严峻挑战。例如南非低成本航空公司“飞行萨法”航空公司,燃料在其运营成本中占比高达50%至55%。该航司日前发布声明说,高燃油成本令公司经营面临困境,不得不增加燃油附加费,并根据燃油价格变化定期调整。
当前正值春夏旅游旺季预订高峰,本应是航空公司全年盈利最关键的时期之一。然而面对中东危局,分析人士指出,全球航空业将遭遇成本上升与需求下降的“夹击效应”。成本方面,航空业对燃油价格高度敏感,尽管部分公司通过“套期保值”等金融工具,在一定时期内锁定较低燃油价格,但这些机制覆盖范围有限,难以完全对冲持续增加的能源成本。需求方面,票价上涨将不可避免地抑制出行需求。
更令市场担忧的是中长期风险。分析指出,如果未来数月油价维持在每桶100美元左右,甚至飙升至150美元,行业可能出现一系列连锁反应,包括财务状况较弱的航空公司面临新飞机交付延期、裁员和破产等风险。眼下,美以伊战事进一步波及能源基础设施,国际油价持续走高。伊朗方面警告,如果战争继续,世界应准备好迎接油价达到每桶200美元。这无疑将会给全球航空业带来更大挑战。(完)
1. 这是3月7日拍摄的阿联酋迪拜国际机场候机厅内景。新华社发