Connect with us

Africa & Middle East

အမေရိကန်နှင့် တူကီယဲတို့ အသီးသီး ထောက်ပံ့သော ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့များက အပစ်အခတ်ရပ်စဲရေး ယာယီသက်တမ်းတိုးထား

တူကီယဲနိုင်ငံတောင်ပိုင်း Hatay ပြည်နယ်ရှိ Cilvegozu နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသူများအား ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် တူကီယဲတို့ အသီးသီး ထောက်ပံ့သော ဆီးရီးယား လက်နက်ကိုင် နှစ်ဖွဲ့သည် လွန်ခဲ့သည့် သီတင်းပတ်က ရရှိထားသော ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုသီတင်းပတ်ကုန်အထိ သက်တမ်းတိုးရန် သဘောတူခဲ့ကြောင်း၊ ဆီးရီးယားမြောက်ပိုင်း တင်းမာမှုအခြေအနေများ ဖြေလျှော့ရန် အမေရိကန်သည် ဆီးရီးယားနှင့် တူကီယဲတို့နှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။အမေရိကန်အနေဖြင့် အထက်ဖော်ပြပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို “အတတ်နိုင်ဆုံး သက်တမ်းတိုးရန်” မျှော်လင့်ကြောင်း၊ “ကျွန်တော်တို့အနေနဲ့ ဆီးရီးယားမှာ လက်ရှိ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး ကိုယ်ပိုင် အကျိုးစီးပွားမြှင့်တင်တဲ့ ဘယ်ပုံစံမျိုးကိုမှ မမြင်လိုပါဘူး” ဟု Miller က အဆိုပါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တူကီယဲနိုင်ငံတောင်ပိုင်း Hatay ပြည်နယ်ရှိ Cilvegozu နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ဆီးရီးယားနိုင်ငံသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြသူများအား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားအတိုက်အခံတပ်ဖွဲ့များသည် လွန်ခဲ့သည့်လကုန်တွင် ဆီးရီးယားအနောက်မြောက်ပိုင်းမှ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုလ ၈ ရက်တွင် ဘာရှာ အယ်လ်-အာဆတ်အစိုးရကို ဖြုတ်ချကြောင်း ကြေညာခဲ့သည်။ တူကီယဲ ပံ့ပိုးထောက်ခံသော ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များသည် ထိုအခြေအနေကို အခွင့်ကောင်းယူခဲ့ကာ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားအမျိုးသားတပ်မတော်သည် မန်ဘီဂျ်မြို့ကို သိမ်းပိုက်ခဲ့ပြီး မကြာမီ ကိုဘာနီမြို့ကို တိုက်ခိုက်နိုင်သည်ဟု ဗြိတိန်အခြေစိုက် “ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့”က ပြောကြားခဲ့သည်။ “ဆီးရီးယားအမျိုးသားတပ်မတော်” သည် လတ်တလောတွင် မန်ဘီဂျ်မြို့သို့ တပ်ဖွဲ့ဝင်အင်အားအများအပြား ဖြည့်တင်းထားပြီး ကာ့ဒ်နယ်မြေများကို တိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်ဟု လက်ဘနွန်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့က ကိုဘာနီမြို့တွင် စစ်မဲ့ဇုန်ထူထောင်ပြီး အမေရိကန်တပ် အခြေစိုက်စောင့်ကြည့်ရန် အဆိုပြုခဲ့ကြောင်း ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ တပ်မှူး Mazloum Abdi က ဒီဇင်ဘာ ၁၇ ရက်၌ ဆိုရှယ်မီဒီယာ X ပလက်ဖောင်း၌ ဖော်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ အမေရိကန်နှင့် တူကီယဲတို့က တုံ့ပြန်ခြင်းမရှိသေးပေ။

မန်ဘီဂျ်နှင့် ကိုဘာနီမြို့များတွင် တူကီယဲ ပံ့ပိုးထောက်ခံသော ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု မရရှိခဲ့ကြောင်း၊ အကြောင်းရင်းမှာ တူကီယဲဘက်က “အဓိကအချက်အချို့ကို လက်ခံရန် ငြင်းဆို” ခဲ့သောကြောင့် ဖြစ်သည်ဟု “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့” က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တူကီယဲအစိုးရသည် “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့” ၏ အဓိကအင်အားတပ်ဖွဲ့ဖြစ်သည့် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” ကို တူကီယဲအစိုးရဆန့်ကျင်ရေးအဖွဲ့ ကာဒ့်အလုပ်သမားပါတီ (Kurdistan Workers’ Party) ၏ လက်အောက်ခံအဖွဲ့ခွဲတစ်ခုအဖြစ် ရှုမြင်ပြီး အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကာ “ဆီးရီးယားအမျိုးသားတပ်မတော်” ကို ပံ့ပိုးကူညီပြီး တူကီယဲ-ဆီးရီးယားနယ်စပ်တစ်လျှောက် “ဘေးကင်းဇုန်” ထူထောင်ရေး ကြိုးပမ်းခဲ့သည်။

တူကီယဲသည် ဆီးရီးယားကာ့ဒ်လက်နက်ကိုင်များကို Euphrates မြစ်အရှေ့ဘက်သို့ ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခဲ့ကြောင်း လေ့လာသုံးသပ်သူများ၏ စကားကို ကိုးကား၍ DPA သတင်းဌာနက ဖော်ပြခဲ့သည်။ ဆီးရီးယားအစိုးရစစ်တပ် စွန့်လွှတ်ခဲ့ရသော လက်နက်ကိရိယာများကို ဆီးရီးယားကာ့ဒ်လက်နက်ကိုင်များ မရရှိစေရန် တူရကီစစ်တပ်က ဆီးရီးယားကာ့ဒ်လက်နက်ကိုင်များကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း တူကီယဲသတင်းရင်းမြစ်များက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ တူကီယဲသည် ဆီးရီးယားရှိ “အကြမ်းဖက်သမားများ”အား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
美土分别支持的叙武装暂时延长停火
新华社北京12月18日电 美国国务院发言人马修·米勒17日说,美国与土耳其分别支持的两派叙利亚武装同意将上周达成的一份临时停火协议延长到本周末,美方将继续与叙方和土方接触,以缓解叙北部紧张局势。
米勒在当天的例行记者会上说,美方希望上述停火协议“尽可能延长”,“我们不希望看到任何方面趁眼下叙利亚局势不稳而推进己方利益”。
在美国斡旋下,叙利亚库尔德武装主导的“叙利亚民主力量”(原译“叙利亚民主军”)与土耳其支持的“叙利亚国民军”11日在叙北部曼比季达成停火协议。“叙利亚民主力量”获美国支持,控制叙产油区所在的东北部和北部大片地盘。
叙反对派武装上月底从叙西北部突然进攻,本月8日宣布推翻巴沙尔·阿萨德政权。土耳其支持的叙武装乘势进攻库尔德武装。总部设在英国的“叙利亚人权观察组织”说,“叙利亚国民军”攻占曼比季,并且可能很快进攻科巴尼。黎巴嫩媒体报道,“叙利亚国民军”近来向曼比季大量增兵,似乎在为攻打更多库尔德地盘做准备。
“叙利亚民主力量”指挥官马兹卢姆·阿卜迪17日在社交媒体X平台上说,该武装提议在科巴尼设立非军事区,由美军驻守监督。美方和土方暂未回应。
“叙利亚民主力量”16日说,未能与土耳其支持的叙武装就在曼比季和科巴尼永久停火达成协议,原因在于土方“拒绝接受谈判中的一些关键点”。
土耳其政府把“叙利亚民主力量”主力军“人民保护部队”视为土耳其反政府组织库尔德工人党的分支,多次对这一武装实施越境打击,并扶持“叙利亚国民军”,寻求沿土叙边境建立“安全区”。
德新社援引分析人士的话报道,土耳其有意将叙利亚库尔德武装驱赶至幼发拉底河以东。土耳其消息人士10日说,土军空袭了叙库尔德武装,防止后者获得叙前政府军遗弃的武器装备。土耳其总统雷杰普·塔伊普·埃尔多安12日告诉美国国务卿安东尼·布林肯,土方将继续打击在叙“恐怖分子”。(王宏彬)
图说1:12月10日,人们等待通过土耳其南部哈塔伊省的奇尔韦格聚过境口岸进入叙利亚。新华社发(穆斯塔法·卡亚摄)
图说2:12月12日,人们准备通过土耳其南部哈塔伊省的奇尔韦格聚过境口岸进入叙利亚。新华社发(穆斯塔法·卡亚摄)