Africa & Middle East
အမေရိကန်-အစ္စရေးက အီရန်ကို တိုက်ခိုက်သည့်စစ်ပွဲ တစ်လတိုင်ရှိပြီဖြစ်သလို ကသောင်းကနင်းဖြစ်မှုများမှာ အဆုံးသတ်ဖွယ်မမြင်သေး
ကိုင်ရို၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အီရန်နှင့် အမေရိကန်-အစ္စရေးကြား ပဋိပက္ခမှာ အချိန်တစ်လတိုင်ရှိလာပြီဖြစ်သလို ဆယ်စုနှစ်များအတွင်း အရှေ့အလယ်ပိုင်းဒေသ၏ အကြီးမားဆုံး မီးတောက်မှာ ဒေသတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သလို ကမ္ဘာတစ်ဝန်း၌လည်း ဆိုးရွားသော ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။စစ်ပွဲများ ရပ်တန့်နိုင်မည့် ဝါရှင်တန်နှင့် တီဟီရန်အကြား ဆွေးနွေးမှုများ အလားအလာရှိနေကြောင်း သတင်းများ ထွက်ပေါ်နေလင့်ကစား ငြိမ်းချမ်းရေးရရှိမည့် ထိရောက်သောတိုးတက်မှုများမှာမူ ရုပ်လုံးပေါ်လာခဲ့ခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းနှင့် စစ်ရေးပြင်ဆင်မှုများက စစ်ပွဲအရှိန်လျော့ကျရေးမျှော်လင့်ချက်များကို ထပ်မံမှေးမှိန်စေခဲ့သည်။
ပြင်းထန်မှုများ မြင့်တက်လာခြင်း
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က တီဟီရန်မြို့နှင့် အီရန်ရှိ အခြားမြို့များစွာကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာမှ စစ်ပွဲ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အီရန်၏ အဓိက စစ်ရေးထိန်းချုပ်ကွပ်ကဲရေးဌာနများ၊ ဒုံးကျည်တပ်ဆင်နေရာများ၊ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် နျူကလီးယားအဆောက်အအုံ စသည့်နေရာများအား ပစ်မှတ်ထားလျက် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။

လက်ဘနွန်နိုင်ငံနယ်စပ်အနီး၊ အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ ယာယီနေရာတစ်ခုတွင် အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်ဘက်ကလည်း လက်တုံ့ပြန်သောအားဖြင့် အစ္စရေးနိုင်ငံနှင့် ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စသည့် အရှေ့အလယ်ပိုင်းတစ်ခွင်ရှိ အမေရိကန်၏ စစ်ဘက်အဆောက်အအုံများကို ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၈၀ ကျော် ပြုလုပ်ခဲ့သည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် အီရန်အား အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် ကန့်ကွက်ဆန္ဒပြရန်နှင့် စစ်မက်အပြုအမူများအားလုံး အဆုံးသတ်ရေး တောင်းဆိုရန် စုဝေးပွဲအတွင်း “စစ်ပွဲမရှိရ” ဟူသော ဆောင်ပုဒ်အား လက်ဖဝါးများပေါ်တွင် ဆေးခြယ်ထားသည့် ဆန္ဒပြနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Tomer Neuberg/JINI via Xinhua)
ထိုပဋိပက္ခကြောင့်ပင် ထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိရာ ခန့်မှန်းခြေအားဖြင့် အီရန်နိုင်ငံ၌ သေဆုံးသူအရေအတွက်မှာ အဆင့်မြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ၊ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီနှင့် ထောက်လှမ်းရေးဝန်ကြီး Esmaeil Khatib အပါအဝင် လူ ၁,၉၀၀ ကျော်၊ ဒဏ်ရာရသူ ၂၄,၈၀၀ ကျော် ရှိပြီဖြစ်သည်။ အစ္စရေးနှင့် အမေရိကန် တပ်ဖွဲ့များတွင်လည်း ထိခိုက်သေဆုံးမှုများ ခံစားခဲ့ရကာ အစ္စရေးဘက်၌ အနည်းဆုံး သေဆုံးသူ ၁၉ ဦးနှင့် အမေရိကန်ဘက်တွင် သေဆုံးသူ ၁၃ ဦး ရှိကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260328/0405f2afa12646f7b0c6f36f142f9a29/c.html
……………………………………..
(English Version)
One month into U.S.-Israeli war with Iran, havoc with no end in sight
CAIRO, March 28 (Xinhua) — As the U.S.-Israeli conflict with Iran approaches its one-month mark, the biggest flare-up in the Middle East in decades has caused widespread devastation across the region and severe shockwaves around the globe.
Despite reports of possible talks between Washington and Tehran to halt hostilities, no substantive progress toward peace has materialized, as continued strikes and a military buildup further diminish hopes for a swift de-escalation.
HEAVY TOLL
The war erupted on Feb. 28 with U.S.-Israeli airstrikes on Tehran and several other Iranian cities. Since then, the attacks have continued, targeting key Iranian military command centers, missile installations, energy infrastructures and nuclear facilities.
In response, Iran has launched over 80 waves of missile and drone strikes against Israel and U.S. military facilities across the Middle East, including those in Kuwait, Bahrain, Qatar, Jordan, Saudi Arabia and the United Arab Emirates.
The conflict has resulted in heavy casualties, with Iranian deaths estimated at over 1,900 and more than 24,800 injured, including the confirmed deaths of then Supreme Leader Ali Khamenei, top security official Ali Larijani, and Intelligence Minister Esmaeil Khatib. Israeli and U.S. forces have also suffered losses, with at least 19 Israeli and 13 U.S. military fatalities reported.
https://english.news.cn/20260328/0405f2afa12646f7b0c6f36f142f9a29/c.html
Photo 1: This photo taken on March 23, 2026 shows a destroyed building in a residential area after joint U.S.-Israeli strikes on Iran in Tehran, Iran. (Xinhua/Shadati)
Photo 2: Israeli troops are seen at a staging area in northern Israel near the border with Lebanon, March 18, 2026. (Photo by Gil Cohen Magen/Xinhua)
Photo 3: A demonstrator raises hands painted with “No War” slogan during a rally to protest against U.S.-Israeli attacks on Iran and demand an end to all acts of war in Tel Aviv, Israel, March 14, 2026. (Tomer Neuberg/JINI via Xinhua)
