Africa & Middle East
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပြီးနောက် အီရန်က အစ္စရေး ရေနံချက်စက်ရုံကို လက်တုံ့ပြန်တိုက်ခိုက်
တီဟီရန်၊ မတ် ၈ ရက် (ဆင်ဟွာ)
အီရန်၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအား အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မတ် ၇ ရက် ညပိုင်းက အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ ရေနံချက်စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့သည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောကြားခဲ့သည်။ဟိုင်ဖာ ရေနံချက်စက်ရုံအား ခီဘာရှီကန် ဒုံးကျည်များဖြင့် တိုက်ခိုက်ကာ လက်တုံ့ပြန်ခဲ့ကြောင်း IRGC ၏ တရားဝင်သတင်းဌာန Sepah News က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ထိုစဉ် အီရန်၏ National Iranian Oil Refining and Distribution Company ကလည်း နိုင်ငံအတွင်းရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အုံများမှာ မတ် ၇ ရက် ညပိုင်းက အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
တီဟီရန်နှင့် အယ်လ်ဘော့ဇ် ပြည်နယ်များရှိ ရေနံသိုလှောင်ရုံများ ဒုံးကျည်ထိမှန်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြှိမ်းသတ်သည့်အဖွဲ့များက မီးကိုထိန်းချုပ်နေရကြောင်း အဆိုပါ ကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260308/fde96ade3177455a835a0bc861c5c188/c.html
#Iran #Israel #Conflict #အီရန် #အစ္စရေး #ပဋိပက္ခ
………………………………………..
(English Version)
Iran strikes Israeli refinery after attacks on Iranian energy infrastructure
TEHRAN, March 7 (Xinhua) — Iran’s Islamic Revolution Guards Corps (IRGC) said it attacked a refinery in Israel’s Haifa on Saturday night in retaliation for a U.S.-Israeli strike on its own energy infrastructure.
In a statement published on its official news outlet Sepah News, the IRGC said the Haifa refinery was hit by Kheibarshekan missiles in response to the attack.
Meanwhile, the National Iranian Oil Refining and Distribution Company said energy infrastructure in the country came under the U.S.-Israeli attacks Saturday night.
A number of oil depots in the provinces of Tehran and Alborz were hit by missiles and caught fire, the company said, adding that firefighting teams are containing the fire.
https://english.news.cn/20260308/fde96ade3177455a835a0bc861c5c188/c.html
English Caption
Israeli military personnel check a building damaged by a missile strike and assist residents in evacuation from the premises, in Israel’s northern city of Tirat Carmel, south of Haifa, on Feb. 28, 2026. (JINI via Xinhua)
