ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် Adama Barrow အား ဂမ်ဘီယာသမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဒီဇင်ဘာ ၂၄ ရက်တွင်ပေးပို့ခဲ့သည်။
ကုလသမ္မဂ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေသည် အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေကြောင်း၊ အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း လျော့နည်းစေရန်၊ စီးပွားရေးတည်ငြိမ်ရေးနှင့် ပြန်လည်နလထူရန် ကူညီပေးခြင်းသည် အရေးကြေီးသော လုပ်ငန်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ကုလသ္မဂလုံခြုံရေး...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက မင်္ဂလာဆောင်ပါတီကျင်းပနေစဉ် ဘတ်စ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် လူ ၈ ဦးသေဆုံးပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာနှင့် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပန်ဂျပ်ပြည်နယ်...
မိုဂါဒစ်ရှုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဆိုမာလီ အမျိုးသား တပ်မတော် (SNA) သည် ဆိုမာလီနိုင်ငံတောင်ပိုင်းဒေသတွင် လုံခြုံရေး စစ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အယ်လ်ရှာဘတ် အကြမ်းဖက်သမား ၃၄ ဦးကို သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်...
ဘိုကိုတာ ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Cucuta နိုင်ငံတကာလေဆိပ်၌ ဖောက်ခွဲရေးပစ္စည်း နှစ်ခု ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ၁ ဦးအပါအဝင် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Diego...
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် စိတ်ရင်းစေတနာမှန်သော မိတ်ဆွေအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်နိုင်ငံက တတ်နိုင်သည့်အတိုင်းအတာတွင် ဆက်လက် လက်ကမ်းကူညီပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၄...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့ရသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သော မည်သည့်တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပေးအရေးယူရန် မရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။...
ကဘူးလ် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ် နှင့် အာဖဂန် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ တရားရေးဝန်ကြီးဌာန၌ ဝတ်ပြုရန် ဗလီတစ်လုံး နှင့် တရားခွင်ခန်းမ နှစ်ခု တည်ဆောက်ရန် စတင်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစီမံကိန်းများအား တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့ခြင်း...
ကွီတို ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံတောင်ပိုင်း မိုရိုနာဆန်တီယာဂိုပြည်နယ် အမေဇိုးနီးယန်းခရိုင် Sucua နယ်မြေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုတစ်ခုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဌာနပေါင်းစုံပါဝင်သည့် လုံခြုံရေးဝန်ဆောင်မှု ECU 911 က ဒီဇင်ဘာ ၁၂...
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ယူကရိန်းကို ရုရှား၏ ကျူးကျော်နိုင်ဖွယ်ရှိသည်ကို ကာကွယ်တားဆီးဖို့ အမေရိကန်အနေဖြင့် စစ်တပ် သီးသန့်စေလွှတ်ကူညီမည်မဟုတ်ကြောင်း ၊ သို့သော်လည်း “ယခင်က မရှိခဲ့ဖူးသည့်” ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့်...