ကိုင်ရို ၊ မတ် ၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အီဂျစ်နိုင်ငံတော်ကောင်စီရုံး၌ အမျိုးသမီးတရားသူကြီး ၁၀၀ နီးပါးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အီဂျစ်တရားစီရင်ရေးအဖွဲ့က မတ် ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ နိုင်ငံတော်ကော်မရှင်နာအာဏာပိုင်အဖွဲ့၏ လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်ရန် ပြီးခဲ့သော နှစ်က သမ္မတအမိန့်ဒီဂရီတစ်ရပ်ဖြင့် ခန့်အပ်ခြင်းခံရသည့်...
အစ္စလာမ်မာဘတ်၊ မတ် ၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် မတ် ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွါးပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan...
ဒမတ်စ်ကပ်စ် ၊ မတ် ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့လယ်ခေါင်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ မတ် ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ထားသော အာဒစ်အာဘာဘာ-ဂျီဘူတီ စံချိန်မီရထားလမ်းသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် သာယာဝပြောမှုအား အဆင်ပြေချောမွေ့စေသည့်အတွက် ချီးကျူးထောပနာပြုခံရလျက် ရှိကြောင်း သိရသည်။
တူးနစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ တူနီးရှားသို့ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် သည် ဖေဖော်ဝါရီ၂၂ ရက်တွင် မြို့တော်တူးနစ်သို့ ရောက်ရှိခဲ့သည်။ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianguo နှင့် တူနီးရှားနိုင်ငံ ကျန်းမားရေးဝန်ကြီး Ali Mrabet တို့က လေဆိပ်သို့...
ဆောပိုလို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့တွင် စံချိန်တင် မိုးရွာသွန်းမှုများနှင့် နောက်ဆက်တွဲ ရွှံ့မြေပြိုကျမှု၊ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း မြှင့်တင်ရန် ကိုဗစ်-၁၉ (COVID-19) ရောဂါ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုအား ဆက်လက်ဦးတည်စေမည့် မျှော်လင့်ချက်နှင့် အားကောင်းသော မျှော်မှန်းချက်များအား ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ သံတမန်နည်းလမ်းအရ အဖြေရှားခြင်းသည် ဟာ “လမ်းကြောင်းမှန်ဖြစ်သည်” ဟု ယုံကြည်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍...
ဘေရွတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုအသစ်ကြောင့် နိုင်ငံသားများအကြား ထိတ်လန့်ကြောက်ရွံ့မှုများ မြင့်တက်နေသည့်ကြားမှ အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၊ Mount Lebanon တောင်နှင့် တောင်ပိုင်းရှိမြို့များအပေါ် ဖေဖော်ဝါရီ ၁၈ ရက်က ဝေဟင်အနိမ့်ပျံသန်းခဲ့ကြောင်း သိရသည်။ ဟစ်ဇ်ဘိုလာက ယင်းနေ့အစောပိုင်း၌ ပါလက်စတိုင်းပိုင်နယ်မြေများပေါ်သို့...