ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။
ဟူစတန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) နယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကို ဖြေရှင်းရန် အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ တက္ကဆက်ပြည်နယ် ပြည်ဝင်ဂိတ် ၆ ခုကို ပိတ်ထားဖို့ ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbottက စက်တင်ဘာ ၁၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
နိုင်ရိုဘီ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
ဘေရွတ် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး ရည်ရွယ်သော လှုပ်ရှားမှုတစ်ခုအဖြစ် အီရန်နိုင်ငံမှ လောင်စာဆီများ သယ်ဆောင်လာသည့် ဆီတင်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း al-Manar ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုအရ သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အာဖဂန် ပြည်သူ ၆၃၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တာလီလန်တို့သည်ငွေသား အမေရိကန်ဒေါ်လာ ၁၂.၃ သန်းကျော်နှင့် ရွှေချောင်းအချို့ ကို နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော Da Afghanistan Bank (DAB) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သော ဘဏ်၏ ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အစ္စရေးနှင့်ဥရောပသမဂ္ဂ (အီးယူ) တို့သည် COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရန် စက်တင်ဘာ ၁၅ ရက် ကသဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Nitzan Horowitz ပြောသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။
ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။