ဂါဇာ၊ မေ ၂၆ ရက်(ဆင်ဟွာ) ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့နှင့်ပါလက်စတိုင်းပြည်သူများ၏ဆက်ဆံရေးကို ပြည်လည်တည်ဆောက်ရန် ဂျေရုဆလင်တွင် ကောင်စစ်ဝန်ချုပ်ရုံး ပြန်လည်ဖွင့်လှစ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက မေ ၂၅ ရက် ညပိုင်း ပါလက်စတိုင်းRamallahတွင် ပြောကြားခဲ့သည်။
ကဘူးလ် ၊ မေ ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ် ရှင်းဗားဒေသရှိ ရွာတစ်ရွာတွင်နေထိုင်သော အသက် ၃၂ နှစ်အရွယ် မိုဟာမက်-ဘဆယ်လ်-အဘစ် သည် လက်ရှိချိန်ထိ လွန်ခဲ့သော ၄ နှစ် ညပိုင်းက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုသတ်ဖြတ်မှု၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ခြင်းမရှိသေးပါ။
ဂါဇာ၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးတစ်ခု တည်တံ့စေရေးအတွက် ကိုင်ရိုင်မြို့၌ ဆွေးနွေးပွဲတက်ရောက် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟာမက်စ်) ခေါင်းဆောင်များအား အီဂျစ်နိုင်ငံက ဖိတ်ကြားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၅ ရက်တွင်ပြောကြားသည်။
ဂျေရုဆလင် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အမျိုးသားတစ်ဦးသည် ဂျေရုဆလင်မြို့တွင် အစ္စရေး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား တိုက်ခိုက်မှုပြုလုပ်သောကြောင့် ၎င်းအား အစ္စရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ မေ၂၄ ရက်ထုတ်ပြန်ကြေညာချက်အရသိရသည်။
ကဘူးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေလ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် တာလီဘန်လက်နက်ကိုင်တပ်အဖွဲ့ဝင်ပေါင်း ၁၄၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။
ကိုင်ရို ၊ မေ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ပထမသုတ် ကုန်ကြမ်းများအား လက်ခံရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကင်ရှာဆာ ၊ မေ ၂၄ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)၏ အရှေ့မြောက်ပိုင်းပြည်နယ် North Kivu ၌ မတ် ၂၂ ရက် ညပိုင်းက Nyiragongo မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကွန်ဂိုနိုင်ငံ တာဝန်ရှိသူများထံမှ သိရသည်။
တီဟီရန် ၊ မေ ၂၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က မေလ ၂၃ ရက်၌ အီရန်နိုင်ငံ အမျိုးသားရုပ်သံလိုင်း မှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် အီရန်နိုင်ငံ အကြား သဘောတူညီချက်ရရှိထားသော...
ကုလသမဂ္ဂ ၊ မေ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အား ကြိုဆိုကြောင်း မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ဟာမက်စ်နှင့်အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ရာ မေ ၂၁ ရက် ဒေသစံတော်ချိန် ၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့(ဟာမက်စ်)က မေ ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် အီဂျစ်ညှိနှိုင်းပေးသည့်...