ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။
ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တာလီဘန် အစိုးရအသစ် ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်ပြည်သူများအတွက် အကူအညီပံ့ပိုးမှု ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ရာမလာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာမှု အကျပ်အတည်းများအားဖြေရှင်းရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid ကအဆိုပြုချက်အား ဂါဇာတွင် ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းမှာ နိုင်ငံရေးဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံဝန်ကြီးချုပ် Mohammed Ishtaye က စက်တင်ဘာ ၁၃ ရက်တွင်တုံ့ပြန် ပြောကြားခဲ့သည်။ “ဂါဇာကအကျပ်အတည်းက နိုင်ငံရေးဖြစ်တယ်။...
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် နိုင်ငံတကာလေဆိပ်တွင် နည်းပညာပြဿနာများ ဖယ်ရှားရေး ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေဆဲဖြစ်သဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် မကြာမီ အသင့်ရှိမည်ဖြစ်ကြောင်း လေဆိပ် ညွှန်ကြားရေးမှူး Abdul Hadi Hamadani က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ “ပြည်တွင်းလေကြောင်းပျံသန်းမှုတွေကတော့...
ဂျေရုစလင် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံအကျဉ်းထောင်တစ်ခုမှ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့အား နိုင်ငံမြောက်ပိုင်း နာဇရက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းစစ်သွေးကြွ ၆...
ကဘူလ်း ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အမျိုးသမီးများအနေဖြင့် အထက်တန်းပညာရေး နှင့် တက္ကသိုလ်ပညာရေးများကို တက်ရောက်သင်ကြားနိုင်ကြောင်း ၊ သို့သော် အမျိုးသား-အမျိုးသမီး သီးသန့်ခွဲခြား သင်ကြားပေးသော စာသင်ခန်းများ၌သာ တက်ရောက်ရမည်ဖြစ်ကြောင်း တာလီဘန်အစိုးရသစ် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Abdul Baqi Haqqani က စက်တင်ဘာ ၁၂...
ဒမတ်စကပ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်တွင် ယခင်က သူပုန်များတပ်စွဲထားရာနေရာများ၌ စစ်တပ်ဝင်ရောက်လာပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ထောင်နှင့်ချီသောပြည်သူများသည် ၎င်းတို့၏ နေအိမ်များသို့ အသီးသီး စတင်ပြန်လာနေပြီဖြစ်ကြောင်း SANA နိုင်ငံသတင်းအေဂျင်စီက ဖော်ပြထားသည်။
အက်ခရာ၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)အဖွဲ့ဝင်နိုင်ငံများသည် စက်တင်ဘာ ၈ ရက်က အွန်လိုင်း အထူးအစည်းအဝေးကျင်းပပြီး ဂီနီနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။