ဂျေရုစလမ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) စက်တင်ဘာ ၆ ရက်က အစ္စရေးအကျဉ်းထောင်တစ်ခုမှ မြေအောက်ဥမင်တူး၍ ထောင်ဖောက်ထွက်ပြေးသွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအား ပြန်လည်ဖမ်းမိနိုင်ရေးအတွက် အနောက်ဘက်ကမ်း နှင့် ဂါဇာကို ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကာနေလ်ခရီလ်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အာဏာအသွင်ကူးပြောင်းရေး တည်ငြိမ်အောင် တွန်းအားပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဂီနီနိုင်ငံ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တာလီဘန်ထိန်းချုပ်ရန် ကျန်ရှိနေသော တစ်ခုတည်းသောပြည်နယ် ပန်ဂျ်ရှီးယားပြည်နယ်အား သိမ်းပိုက်လိုက်ကြောင်း အတည်ပြုလိုက်ပြီးနောက် လာမည့် ရက်အနည်းငယ်အတွင်း အာဖဂန် အစိုးရသစ်ကို ကြေညာသွားမည်ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က စက်တင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ...
ထရီပိုလီ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ တာဝန်ရှိသူများက ၂၀၁၁ ခုနှစ်တွင် ဖြုတ်ချခံရပြီး သေဆုံးသွားသည့် ခေါင်းဆောင် မွမ်မာကဒါဖီ၏ သားဖြစ်သူ Saadi Gaddafi အား စက်တင်ဘာ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ရှေ့နေချုပ်ရုံးမှ သတင်းအရင်းအမြစ်တစ်ခုအရ ၂၀၀၅ ခုနှစ်တွင်...
ကဘူးလ် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၆ ရက်တွင် အပြင်းအထန်တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အရှေ့ ပန်ဂျ်ရှီးယား ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ၊ ယင်းမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ၃၄ ပြည်နယ်အနက် နောက်ဆုံးသိမ်းယူသော ပြည်နယ်တစ်ခုဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid...
ထရီပိုလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် လာမည့် ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ က ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
အမ်မန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာများအဖွဲ့က ဂျော်ဒန်နိုင်ငံတွင် COVID-19 ကပ်ရောဂါမှ စီးပွားရေးနာလန်ထူရေးလှုံ့ဆော်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း ဘဏ်က စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) စစ်ပွဲကြောင့် အထိနာနေသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်းများစွာ အသံတိတ်နေခဲ့သည့် အိုင်အက်စ်(IS)အဖွဲ့သည် ဩဂုတ် ၂၆ ရက်က အကာအကွယ်အပြည့်ယူထားသည့် ကဘူးလ်လေဆိပ်အား အကြီးအကျယ်တိုက်ခိုက်မှုတစ်ခု စတင်ပြုလုပ်ပြီး အာဖဂန်နိုင်ငံသား ၁၇၀ ဦးထက်မနည်း နှင့် အမေရိကန် စစ်သား ၁၃ ဦး...
လီမာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ Yurimaguas ခရိုင် Huallagaမြစ်အတွင်း၌ စက်လှေနှစ်စင်းတိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီးအခြား ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၉ ရက်တွင်ပြောသည်။ တစ်ချိန်တည်းမှာပင် အမည်မသိ ခရီးသည်တချို့ ပျောက်ဆုံးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန...
ဝါရှင်တန်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် သံသယဖြစ်ဖွယ် ISIS-K မော်တော်ယာဉ်တစ်စီးအား ပစ်မှတ်ထားကာ အမေရိကန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ယင်းမော်တော်ယာဉ်သည် လေဆိပ်အား ဦးတည်မောင်းနှင်၍ တိုက်ခိုက်ဖွယ်ရှိနိုင်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ “Hamad Karzai...