ကိုင်ရို၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနဇုန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်က မြှုပ်နှံထားသည့် “ရွှေသားလျှာ”ပါ လူသားမံမီရုပ်ကြွင်း ၂ ခုကို စပိန်မှလာသည့် ရှေးဟောင်းသုတေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၅ ရက်...
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၁၅ ခုနှစ် အီရန်နျူကလီယားသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေး ညှိနှိုင်းဆွေးနွေးမှုများတွင် အီရန်အပေါ် “တင်းတင်းမာမာ ပြုမူဆောင်ရွက်ရန်” ကမ္ဘာ့အင်အားကြီးနိုင်ငံများအား အစ္စရေးနိုင်ငံဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က ဒီဇင်ဘာ ၅ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။ “ ဗီယင်နာမြို့မှာ အီရန်နဲ့အတူ...
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက လာမည့်ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် စဉ်းစားနေသည်ဟူသော သတင်းများအား တုန့်ပြန်သောအားဖြင့် ဆီးရီးယား အိုလံပစ် ကော်မတီ (SOC) က “အမေရိကန် ခြိမ်းခြောက်သော လှုပ်ရှားမှု” အား ဆန့်ကျင်သည့် အနေဖြင့် တရုတ်နိုင်ငံနှင့် တညီတညွတ်တည်းရှိကြောင်း...
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အိုင်အက်စ် စစ်သွေးကြွအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်တွင် ရေနံတွင်းလုပ်သားများကို တင်ဆောင်လာသော မီနီဘတ်စ်အား တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။...
ကဘူးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ လူပေါင်း ၄၅၀ ဦးသည် စစ်ရေးလေ့ကျင့်မှုသင်တန်း ပြီးစီးသွားကြောင်း နှင့် သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ထရီပိုလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံနှင့် တူရကီနိုင်ငံကြား ပထမဆုံးအပျော်စီးခရီးသည်တင်သင်္ဘောလိုင်းကို လစ်ဗျားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mohamed al-Shohobi က ဒီဇင်ဘာ ၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါ ခရီးစဉ်သည် လစ်ဗျား၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးခရီးလည်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက...
ဘေရွတ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရောက် တရုတ်နိုင်ငံ၏ အသုတ် ၂၀မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးအဖွဲ့သည် မကြာသေးမီရက်က လက်ဘနွန်နိုင်ငံ၊ Nabatiyah ပြည်နယ်၊ Ibile Sege ကျေးရွာသို့ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လူသေဆုံးမှုနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သော်ငြားလည်း နိုဝင်ဘာ ၃၀ ရက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကဘူးလ်ရှိ ငြိမ်းချမ်းရေးမှာ တစ်ဖန်ပြန်လည် ပျက်စီးသွားခဲ့ပြီး စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်ပြည်သူများအကြား ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် အားပြင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၂၉ ရက်၌ ၄ ဦးအထိရှိလာကြောင်း တူရကီအစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ ရာသီဥတုဆိုးဝါးသည့် အခြေအနေများကြောင့် နိုင်ငံသား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့်...
ဘေရွတ် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းငွေကြေးစနစ် ပြိုလဲခြင်း နှင့် နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားခြင်းတို့ကို ဆန့်ကျင်သည်အနေဖြင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း National News Agency က ဖော်ပြခဲ့သည်။ ဆန္ဒပြသူများသည် စွန့်ပစ်ကွန်တိန်နာများ ၊ ကားတာယာများအား...