ဘေရွတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတွင် ဩဂုတ် ၄ ရက်က ဘေရွတ်မြို့တော် ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော ကြီးမားသည့်ပေါက်ကွဲမှုအတွင်း အစိတ်အစိတ်အမွှာမွှာ ကွဲကြေသွားသည့် ဖန်ကွဲစများသည် အလေးချိန် တန် ၅,၀၀၀ မှ ၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကာတာနိုင်ငံ ဒိုဟာမြို့၌ အာဖဂန်အစိုးရ နှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲ စတင်ခြင်းအပေါ် စက်တင်ဘာ ၁၂ ရက်က ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ဘေရွတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့ပြကာကွယ်ရေးအဖွဲ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း ရုပ်သံလိုင်း al-Jadeed က သတင်းဖော်ပြခဲ့သည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။
တီဟီရန်၊ဩဂုတ်၂၇ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း (AEOI) က နိုင်ငံအတွင်းရှိ နေရာနှစ်နေရာသို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးသူများအား ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း အီရန်နှင့် IAEA တို့အကြားပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ဘန်မာကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) လတ်တလော ပုန်ကန်မှုပြုလုပ်နေသည့် မာလီနိုင်ငံ စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်စခန်းတစ်ခုတွင် ချုပ်နှောင်ထိန်းသိမ်းခြင်းခံထားရသော မာလီ သမ္မတ Boubacar Keita သည် ၎င်းအနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း နှင့် ဝန်ကြီးချုပ် Boubou Cisse ၏ အစိုးရအဖွဲ့နှင့်...
ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ၁၀၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် နိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ရှိ သံတမန်ရပ်ကွက်တစ်ခုမှာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ အသေအပျောက်များရှိနိုင်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကြီး ဟိုတယ်တစ်လုံးအား အကြမ်းဖက်သမားများက ကားဗုံးဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူ သုံးဦး အပါအဝင် အနည်းဆုံး လူ ပေါင်း ၈ ဦး သေဆုံးပြီး အခြား ၂၈...
အက်ကရာ ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) လိုက်ဘေးရီးယား နိုင်ငံ ဒုတိယ သမ္မတ Jewel Taylor တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း လိုက်ဘေးရီးယား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ သြဂုတ် ၁၃ ရက် ထုတ်ပြန်ကြေညာချက်...