ဘေရွတ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ဆေးတပ်ဖွဲ့ခွဲအနေဖြင့် ဘေရွတ်မြို့၌ ဆေးဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့သွားမည်ဟု ပြောကြားခဲ့သည်။
ဘေရွတ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် ၇၃ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း ၃,၇၀၀ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) လတ်တလော ရက်ပိုင်း အတွင်း သမ္မတ Abdel Fattah Al-Sisi ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်ကို အီဂျစ် နိုင်ငံ လွှတ်တော် က ခွင့်ပြုပေး ခဲ့ပြီး တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကို ယခုလ ၂၇...
ဂျိုဟန်နက်စ်ဘတ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့အနောက်ပိုင်း Zuurebekom မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက ဘုရားကျောင်းအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်မှု ပြုလုပ်စဉ် အနည်းဆုံး လူပေါင်း ၅ ဦးသေဆုံးပြီး ၄၀ ကျော်ဖမ်းဆီး ခံရကြောင်း...
တီဟီရန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အီရန် နှင့် ဆီးရီးယားနိုင်ငံတို့အကြား စစ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု “ ဘက်စုံ” တိုးချဲ့ရန် ဇူလိုင် ၈ ရက်က သဘောတူလက်မှတ်တစ်ခု ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် Fars News သတင်းအေဂျင်က ဖော်ပြခဲ့သည်။
တူးနစ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Noureddine Erray က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်အက်ဘာဘာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော်အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် ပဋိပက္ခဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အိုရွမ်မီယာဒေသ(Oromia) နှင့် မြို့တော် အက်ဒစ်အက်ဘာဘာတွင် လူပေါင်း ၁၆၆ ဦးထိ သေဆုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်များက ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဂျေလုစလင် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ကျန်းမာရေးဝန်ကြီး Yuli Edelstein က ဇွန်လ ၉ ရက် ၌ ထုတ်ပြန်သည့် ကြေညာချက် တွင် အစ္စရေး နိုင်ငံ အနေဖြင့် လက်ရှိ တစ်ရက် လူပေါင်း ၁၆၀,၀၀...