အယ်လ်ဂျီးယားစ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ အဗ္ဗဒဲလ်ကတ်ဒါ ဘန်ဆာလာ (Abdelkader Bensalah) က စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ USS Ramage ဖျက်သင်္ဘောသည် စက်တင်ဘာ ၁၄ ရက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းရုပ်သံ LBCT က သတင်းဖော်ပြခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ရီယတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံရှိ Aramco ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်နေရာနှစ်ခုအား စက်တင်ဘာလ ၁၄ ရက် အစောပိုင်းက ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
တူးနစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း Tataouine ပြည်နယ်တွင် စစ်တပ်ကင်းလှည့်နေသည်ကို ပစ်မှတ်ထားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်မှောင်ခိုကူးသူ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တန်ဂါရီကာပြည်နယ် အရှေ့တောင်ပိုင်းတွင် စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီရာဘာကာပြည်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ရပ ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်း ဒီရာဘာကာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။
ဟာရာရီ ၊ စက်တင်ဘာ ၁၂ ရက် ၊ (ဆင်ဟွာ) ကွယ်လွန်သူ ဇင်ဘာဘွေနိုင်ငံ သမ္မတဟောင်း မူဂါဘီ၏ ကြွင်းကျန်ရုပ်အလောင်းကို စင်ကာပူနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်သယ်ဆောင်ခဲ့သည်။
ဒမတ်စကက်စ် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် စက်တင်ဘာ ၁၁ ရက် တွင် နိုင်ငံ...
အာဖဂန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် မြောက်ပိုင်း Takhar ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် စစ်သွေးကြွ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ယနေ့ ပြောကြားသည်။