ကဘူးလ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၊ ရဲခရိုင် အမှတ် ၉ ရှိ ရှာ့ဒါရက်နယ်မြေတွင် စက်တင်ဘာလ ၅ ရက်၌ ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားကြောင်း၊ သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်းနှင့် အခြားလူ ၄၂ ဦး...
တီဟီရန်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်ပါ အကြောင်းအရာတစ်ချို့ကို ထပ်မံရပ်ဆိုင်းမည်ဟု အီရန်သမ္မတ ရိုဟာနီက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) လွန်ခဲ့သော တစ်နှစ် ၊ ၂ဝ၁၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတရှီကျင့်ဖိန်က အာဖရိကတိုက်တွင် ဖွံ့ ဖြိုးတိုးတက်မှုရန် အလားအလာအလွန်ကောင်းနေကြောင်း နှင့် အဆိုပါ ကြီးမားသော တိုက်ကြီးသည် မျှော်လင့်ချက်များဖြင့်...
ဂျေရုဆလင်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အစ္စရေး-အမေရိကန်-ရုရှား သုံးနိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲကို ဂျေရုဆလင်တွင် ကျင်းပရန် အစ္စရေးက စီစဉ်နေကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူး(Benjamin Netanyahu) က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကက်စ်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Hmeimim အခြေစိုက် ရုရှား လေတပ်စခန်းကို ချဉ်းကပ်လာသည့် မောင်းသူမဲ့လေယာဉ်နှစ်စီးကို ယင်းလေတပ်စခန်း၏လေကြောင်းကာကွယ်ရေးစနစ်က စက်တင်ဘာ ၃ ရက်တွင် ပစ်ချခဲ့ကြောင်း သိရသည်။
ဘေရွတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ၎င်း၏တပ်ဖွဲ့အနေဖြင့် အစ္စရေးမြောက်ပိုင်း၌ အစ္စရေးစစ်ကားတစ်စီးအား စက်တင်ဘာ ၁ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် “ တိုက်ခိုက်မှုအစီအစဉ်သစ် စတင်တော့မည်” ဖြစ်ကြောင်း Al Manar ပြည်တွင်းရုပ်သံချန်နယ်က သတင်းဖော်ပြခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို ့တော် ကဘူးလ်၏ အရှေ့ဘက် အခြမ်းရှိ နိုင်ငံခြားသားများ လာရောက်လေ့ရှိသော ခြံဝင်း တစ်ခု အနီးတွင် စက်တင်ဘာ ၂ ရက်က ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း...
တီဟီရန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံရေတပ်က ဒုံးကျည်ပစ်လွှတ်နိုင်သော စစ်သင်္ဘောများ နှင့် စစ်ရဟတ်ယာဉ်များ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့စက်တင်ဘာ ၂ ရက်တွင် ကက်စပီယန်ပင်လယ်၌ ဒုတိယနေ့အဖြစ် အဆက်လက်ပြုလုပ်လျက်ရှိကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။
ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Kunduz မြို့တွင် သြဂုတ် ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနေ့တွင်ပြောကြားခဲ့သည်။