ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် စစ်လေယာဉ် တစ်စင်းသည် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန် စစ်တပ်ထံမှ သိရသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၇ရက်(ဆင်ဟွာ) အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံနျူကလီးယားစွမ်းအင်အဖွဲ့(AEOI)အကြီးအကဲ၏ အထူးလက်ထောက် Ali Asghar Zarean က အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်ခြင်းကို “ သန့်စင်မှု မည်သည့်အဆင့်ထိမဆို” လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ခါတွန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံရှိ သူပုန်အဖွဲ့တစ်ခုက ဇန်နဝါရီ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့သည့် ဆူဒန်အစိုးရ၏ အထွေထွေထောက်လှမ်းရေးဌာန(GIS) ရုံးအဆောက်အဦအားလုံးကို ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ Abdel Fattah al-Burhan က...
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွတ်တာရှိ ဗလီကျောင်းတစ်လုံးတွင် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တီဟီရန်မြို့ ပါရန်ရပ်ကွက်တွင် ဇန်နဝါရီ ၈ ရက်က ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ရသည့် ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်ဆိုင်ရာ ကနဦး အစီရင်ခံစာတစ်စောင်ကို အီရန်က ဇန်နဝါရီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukryနှင့်အတူ ဇန်နဝါရီ ၈ ရက်က ကိုင်ရိုမြို့တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက လစ်ဗျားနိုင်ငံ၏တစ်ခုတည်းသောထွက်ပေါက်ဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် နိုင်ငံအတွင်း ပျက်ကျသွားသော လူ ၁၇၆ ဦးလိုက်ပါသွားသည့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်မှ တွေ့ရှိခဲ့သည့် လေယာဉ်ပျံသန်းမှု အလိုအလျောက်အသံဖမ်းကိရိယာ (Black box) နှစ်ခုကို ဘိုးရင်းကုမ္ပဏီ သို့မဟုတ် အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးမည်မဟုတ်သော်လည်း ယူကရိန်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်...
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။