ဂါဇာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့အကြား သြဂုတ် ၂၃ ရက်က ပဋိပက္ခဖြစ်ပွားရာ ပါလက်စတိုင်း ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာ ဒေသ ကျန်းမာရေးဌာနက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တူရကီတပ်ဖွဲ့ယာဉ်တန်းအား ဆီးရီးယားတိုက်လေယာဉ်များက တိုက်ခိုက်ခဲ့သည့်အတွက် တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusogluက ဆီးရီးယားအစိုးရကို သြဂုတ် ၂၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။ တူရကီအနေဖြင့် တပ်ဖွဲ့ဝင်များ၏လုံခြုံရေးအတွက် လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ကိုင်ရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ North Sinai ပြည်နယ် Arishမြို့တွင် အီဂျစ်လုံခြုံရေး တပ်ဖွဲ့က လျှပ်တစ်ပြက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒါအက်စ်ဆလမ် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) တန်ဇန်းနီးယား နိုင်ငံ အရှေ့ပိုင်း မော်ရိုဂိုရိုဒေသ၌ လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုတွင် သေဆုံးသူ အရေ အတွက် မှာ ၉၇ ဦးထိ ရှိလာခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ခါတွန် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတဟောင်း အိုမာအယ်ဘာရှား(Omar al-Bashir)အား အကျင့်ပျက်ခြစားမှု ၊ နိုင်ငံခြားငွေကြေးလက်ဝယ်ပိုင်ဆိုင်မှု နှင့် တရားမဝင်ကြွယ်ဝချမ်းသာမှုတို့ဖြင့် ခါတွန်မြို့၌ သြဂုတ် ၂ဝ ရက်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း အချင်းဖြစ်တရားရုံးသို့ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
ကဘူးလ် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ) လူပေါင်း ၆ဝ ကျော် သေဆုံးပြီး အခြားလူပေါင်း ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် သြဂုတ် ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာပွဲတစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က...
ကဘူးလ် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ သြဂုတ် ၁၇ ရက်ညပိုင်းက ဖြစ်ပွားသော မင်္ဂလာပွဲ အခမ်းအနားအတွင်း အသေခံဗုံးခွဲမှုတွင် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၆၃ ဦး နှင့် ဒဏ်ရာရသူ ၁၈ဝ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယနေ့( သြဂုတ်...
ကဘူးလ်၊သြဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာခန်းမတစ်ခု၌ သြဂုတ် ၁၇ ရက်ညပိုင်းက ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။