ဂါဇာ ၊ မေ ၂၀ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင်၌ ပြီးခဲ့သော ၁၀ ရက်တာကာလအတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ al-Qassam Brigades အဖွဲ့တပ်မှူးအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ ကြိုးပမ်းမှုမှာ မအောင်မြင်ကြောင်း ဂါဇာလုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ အမည်မဖော်လိုသောသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင်...
ကဘူးလ် ၊ မေ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ မေ ၁၈ ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင် ၁၄၃...
ဂါဇာ၊ မေ ၁၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး တိုက်ခိုက်ရေးဂျက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာမြို့ရှိ အဓိက COVID-19 စမ်းသပ်ရေးစင်တာ ပျက်စီးသွားခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။
အန်ကာရာ ၊ မေ ၁၈ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်အား တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ကပြစ်တင်ဝေဖန်လိုက်သည်။
ကိပ်တောင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံရဲတပ်ဖွဲ့၏ မေလ ၁၆ ရက်ပြောကြားချက်အရ နိုင်ငံမြို့တော် ကိပ်တောင်းတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဂျေရုဆလင် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တိုက်လေယာဉ်ဖြင့် ပါလက်စတိုင်း ဟားမတ်စ် အဖွဲခေါင်း Yahya Sinwar ၏ ဂါဇာဒေသတောင်ပိုင်း Khan Yunis မြို့ရှိနေအိမ်အား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ ရက်၌ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဂါဇာ၊ မေ ၁၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် အစ္စလာမ်မစ် ဟာမက်စ် လှုပ်ရှားမှုအဖွဲ့အကြား တင်းမာမှုသည် မေ ၁၄ ရက်၌ ၅ ရက်မြောက်နေ့အဖြစ် ရောက်ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက္ခဏာတစ်စုံတစ်ရာ မတွေ့မြင်ရသေးကြောင်း သိရသည်။ တစ်ညလုံးနှင့် အရုဏ်မတက်မီချိန်အထိ နှစ်ဘက်ကြား စစ်ရေးအရ...
ဂါဇာ၊ မေ ၁၄ ရက်(ဆင်ဟွာ) အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို မည်သည့် မြေပြင်လှုပ်ရှားမှုမျှမပြုလုပ်ဖို့ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟာမက်စ်)၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ တပ်မဟာ Al-Qassam က မေ ၁၃ ရက် ညပိုင်းတွင် သတိပေးပြောကြားခဲ့သည်။ သတိပေးချက်ကို မလိုက်နာပါက ပို၍ရက်စက်ကြမ်းကြုတ်သည့် သင်ခန်းစာများကို ရင်ဆိုင်သွားရမည်ဟု...
ဂျေရုဆလင်၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မေ ၁၃ ရက်နေ့ တွင် အသက် ၈၇ နှစ်အရွယ်ရှိ အစ္စရေးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ဆုံးဖြစ်ပွားလျက်ရှိသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် အစ္စရေးဘက်မှ စုစုပေါင်း သေဆုံးသူ ၈ ဦးရှိလာကြောင်း သိရသည်။ ယင်းအမျိုးသမီးသည်...
ဂါဇာ၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ မေ ၁၃ ရက်၌ ၁၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။