ဒမတ်စကတ်စ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဆီးရီးယား စစ်တပ်က အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံထုတ် လက်နက် တစ်ချို့ပါဝင်သည့် ပမာဏ များပြားလှသော လက်နက်များ နှင့် ခဲယမ်းမီးကျောက်များကို စက်တင်ဘာ ၂၅ ရက်တွင် ဆီးရီးယား နိုင်ငံ တောင်ပိုင်းဒေသတွင် သိမ်းဆည်း...
အဘူဂျာ၊စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Gombe ပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာပြင်းထန် စွာရရှိခဲ့ကြောင်း သိရသည်။
တူနီးရှား ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း El Oued မြို့ တွင် စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက ဆေးရုံ တစ် ခု၌ မီးလောင်မှုဖြစ်ပွားသောကြောင့် ဆေးရုံ၏ မီးယပ်သားဖွားဆိုင်ရာဌာနမှ မွေးကင်းစကလေး ၈ ဦး သေဆုံးခဲ့...
နိုင်ရိုဘီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့ရှိ စာသင်ကျောင်းဝင်း တစ်ခု၌ စက်တင်ဘာ ၂၃ ရက် အစောပိုင်းတွင် စာသင်ခန်း ပြိုကျမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး ကျောင်းသား ခုနှစ်ဦး သေဆုံးကာ အခြား ၅၉ ဦး ထိခိုက် ဒဏ်ရာများ...
ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zoneရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အီရတ်လုံခြုံရေး အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကတ်စ်၊စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဆီးရီးယားအစိုးရသည် ယခုလ ၁၉ ရက် နှင့် ၂၁ ရက် များတွင် မည်သည့်အရပ်ကလာမှန်းမသိသော အမျိုးအမည်မသိ မောင်းသူမဲ့ လေယာဉ် ၂ စီးကို ပစ်ချခဲ့ကြောင်း ဆီးရီးယား မီဒီယာတစ်ခု၏ ဖေါ်ပြချက် အရသိရသည်။
တီဟီရန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဟောမုဇ်(Hormuz)ရေလက်ကြား ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ဒေသတွင်းဖြစ်ပွားသည့်ကိစ္စရပ်များတွင် အီရန်အပေါ် အပြစ်ဖို့နေခြင်းကို ဆန့်ကျင်ျကန့်ကွက်သွားမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
တီဟီရန်၊ စက်တင်ဘာလ ၂၀ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ် ဇာရစ်ဖ် က အီရန်နိုင်ငံအပေါ်စစ်ရေးတိုက်ခိုက်မှုဖြစ်ပေါ် လာပါက ဒေသအတွင်း မီးကုန်ယမ်းကုန်စစ်ပွဲကြီးတစ်ခုသို့ ဦးတည်စေလိမ့်မည်ဖြစ်ကြောင်း စက်တင် ဘာလ ၁၉ ရက်ကသတိပေးပြောကြားခဲ့ပါသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabulပြည်နယ် Qalat မြို့တွင် စက်တင်ဘာ ၁၉ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ယင်းနေ့တွင် ပြောကြားခဲ့သည်။