ဒမတ်စကက်စ် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် စက်တင်ဘာ ၁၁ ရက် တွင် နိုင်ငံ...
အာဖဂန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် မြောက်ပိုင်း Takhar ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် စစ်သွေးကြွ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ယနေ့ ပြောကြားသည်။
တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း (IS) အိုင်အက်စ်အစွန်းရောက် အစ္စလာမ်မစ်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။
ရီယာ့ဒ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်ဆော့( Salman bin Abdulaziz Al Saud) သည် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ရာထူးမှ ထုတ်ပယ်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့(စက်တင်ဘာ ၈ ရက်) တွင် သတင်းဖော်ပြခဲ့သည်။
ရာဘတ်၊ စက်တင်ဘာ ၆ ရက် ၊ ဆင်ဟွာ မော်ရိုကို နိုင်ငံ အလယ်ပိုင်း တွင် စက်တင်ဘာ ၅ ရက် က တစ်ဖက်စွန်းရောက် အိုင်အက်စ် (IS) အကြမ်းဖက် အဖွဲ့ဝင် များနှင့် ဆက်စပ်မှုရှိသော လူ ၅ ဦး ကို တရားဝင်ဖမ်းဆီး...