အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ယခုနှစ် ဇူလိုင်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပါကစ္စတန် နိုင်ငံ တစ်ဝန်းလုံးတွင် သေဆုံးသူ ၁၆၁ ဦး ရှိပြီဖြစ်ပြီး ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲ Saqib Mumtaz က သြဂုတ် ၁၁...
ရာဘတ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံဘုရင် Mohammed VIက အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သော Eid al-Adha ပွဲတော် ၏ အခါသမယတွင် အကျဉ်းသား ၃၅၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၊ မော်ရိုကိုနိုင်ငံတရားရေးဝန်ကြီးဌာန ၏ သြဂုတ်၁၁ ရက် ထုတ်ပြန်ချက်တွင်ပြောကြာခဲ့သည်။
ကူဝိတ်စီးတီး၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ(STC)သည် သြဂုတ် ၁၀ ရက်တွင် ယာယီမြို့တော်အဒန် ( Aden) ရှိ သမ္မတရုံးအား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယီမင်အစိုးရက အချင်းဖြစ်နေ့မှာပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆန်နား၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အား တိုက်ခိုက်ရန် ဒရုန်းများ လွှတ်တင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ ဟူသီသူပုန်များပိုင် Al-Masirah TV က သတင်းဖော်ပြခဲ့သည်။
အန်ကာရာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ နယ်စပ်အနီး တူရကီနိုင်ငံ တောင်ဘက် ဟာတေပြည်နယ် ရေဟန်လီခရိုင်ရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုတွင် သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှုသတင်းများ မရှိသေးကြောင်း NTV သတင်းများအရ သိရသည်။
ယောင်အွန်ဒီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ တောင်ထူထပ်သော Adamawa ဒေသရှိ မေဂါနာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက အကျဉ်းသား ၂၂ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒမတ်စကက်စ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ကြားနေဇုန်တည်ထောင်ရန် အမေရိကန်-တူရကီသဘောတူညီချက်အား ဆီးရီးယား အစိုးရက ပယ်ချလိုက်သည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီအရ သိရသည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၇ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ၏ အနောက်တောင်ဘက် Balochistan ပြည်နယ်၊ Quetta မြို့၌ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် လူ၂ ဦးသေဆုံးခဲ့ပြီး အခြား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဘူဂျာ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Bauchiပြည်နယ် ရှိ Abubakar Tafawa Balewa တက္ကသိုလ်တွင် သြဂုတ် ၅ ရက် ညပိုင်းက ရေကြီးရေလျှံမှုကြောင့် လူကူးတံတားတစ်ခု ပြိုကျမှုဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးပြီး လူအချို့ပျောက်ဆုံးနေကြောင်း အချင်းဖြစ်တက္ကသိုလ်၏တာဝန်ခံတစ်ဦးက သြဂုတ်...
ကဘူးလ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်ဂိုဏ်းတစ်ခုအကြား သြဂုတ်လ ၇ ရက် နံနက်အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ရပ်နှင့် မျက်မြင်သက်သေများက ပြောခဲ့သည်။