ဒမတ်စကပ်စ်၊ မတ် ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသကို အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဆီးရီယားလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ပြန်လည်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကာနေလ်ခရီလ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဂီနီနိုင်ငံ အီဘိုလာရောဂါ အတည်ပြုလူနာ (၁၅)ဦးအထိ တိုးမြင့်လာပြီး ၎င်းတို့အနက်(၅)ဦး သေဆုံးခဲ့ကြောင်း N’Zerekoreပြည်နယ် ဆေးရုံအကြီးအကဲAdama Kabaက ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။ မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး...
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkhပြည်နယ် Dawlatabad ဒေသရှိ ဘာသာရေအဆောက်အဦတစ်ခု၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် တာလီဘန်လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင် (၃၀ဦး) သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Rezaiက အချင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်...
မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Zarif သည် ဇန်နဝါရီ ၂၆ ရက်က ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ် စသော ကိစ္စရပ်များနှင့် ပတ်သက်၍...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် ဂျပန်နိုင်ငံတို့က ယခုနှစ်တွင် တိုကျိုအိုလံပစ်ကို ကျင်းပမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အိုလံပစ်ပွဲ ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း သတင်းကို ဇန်နဝါရီ ၂၂ ရက်က ငြင်းဆိုခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် လများစွာ ငြိမ်သက်နေခဲ့ရာမှ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်း၌ အသေခံဗုံးဖောက်ခွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက်မှာ ၃၂ ဦးအထိရှိလာခဲ့ပြီး လူ ၁၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း...
တူနီးရှား ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဆင်ဟွာသတင်းဌာန အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ COVID-19 ကပ်ရောဂါသည် အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ပြန့်ပွားနေပြီး ဇန်နဝါရီ ၂၀ ရက် အချိန်တွင် အရှေ့အလယ်ပိုင်းဒေသရှိ အချို့နိုင်ငံများ ၏ ကပ်ရောဂါ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသော်လည်း အချို့နိုင်ငံများ၏...
တီဟီရန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဇန်နဝါရီ ၂၀ ရက်၌ အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ အတည်ပြုထားသော ခိုင်မြဲသည့် သဘောတူညီချက်တစ်ခုဖြစ်ပြီး အီရန်နိုင်ငံ ဒုံးကျည်စီမံကိန်း...