ထရီပိုလီ၊ မတ် ၃၀ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အနောက်ဘက် အယ်လ်-ခွန်မ်စ်မြို့ ကမ်းရိုးတန်းတွင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦးကို ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျား အာဏာပိုင်များက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ဝါဆော၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဂိုလန်ကုန်းမြင့်ဒေသ အငြင်းပွားမှုအရေးတွင် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခဲ့သည့် အမေရိကန် ၏ ဆုံးဖြတ်ချက် အား ပိုလန်နိုင်ငံ က အခြားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့်အတူ ဝေဖန်ခဲ့ကြောင်းသိရသည်။
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်အား မတ် ၂၇ ရက် ညသန်းခေါင်တွင် အစ္စရေးနိုင်ငံမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကို ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များက ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒုံးကျည်များ ၎င်းတို့၏ ပစ်မှတ်သို့ မရောက်ခင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ်ပါလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင် တွင် မတ် ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံးပြီး အခြားလူ ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ် တွင် မတ် ၂၇ ၇က်က လမ်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ စုစုပေါင်း လူ ၉ဦးသေဆုံးပြီးအခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA ကဖော်ပြခဲ့သည်။
ဒိုဟာ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး ခလဒ်စ်အယ်လ်အတိရက်ခ် (Khalid Al Attiyah) သည် ကာတာနိုင်ငံသို့ရောက်ရှိနေသည့် အီတလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အယ်လီစဘက်တာထရန်တာ(Elisabetta Trenta) နှင့် စစ်ရေး ၊ ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် ရန်...
ကုလသမဂ္ဂ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုများ မရပ်တန့်လျှင် အစ္စရေးနိုင်ငံအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီးက ကုလသမဂ္ဂတွင် မတ် ၂၆ ရက်က ပြောကြားခဲ့သည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။
ထရီပိုလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသူများက မတ်လ ၂၅ ရက်တွင် အရပ်သား ၁ ဦးအား သတ်ဖြတ်ပြီး အခြား ၃ ဦးအားပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဆာနား ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် နိုင်ငံ အရှေ့ပိုင်း Marib ပြည်နယ်တွင် မတ် ၂၅ ရက်က ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဟူသီ သူပုန် ၅၀ ဦး သေဆုံးသွားခဲ့ကြောင်း ယီမင် အစိုးရမှ ထုတ်ဝေသော...